3/15/2010 | Posted in
ကျွှန်တော့် အကြောင်းကိုပြောရရင်တော့ ဘာမှသိပ်ထွေထွေထူးထူး မရှိဘူးဗျ။ ကျွှန်တော့် ကကျောင်းသားပါပဲ။
ပြောလိုက်ရင်တော့ အံ့မသြသွားနဲ့နော်။ ကျွှန်တော်က ခုမှ ၁၄ နှစ်တောင်မပြည့်သေးဘူးဗျ။ ကျွှန်တော့် ၀ါသနာ အရ
ဘလော့ရေးချင်လို့ ဒီဆိုက်ကို ထောင်လိုက်ရခြင်းပါပဲ။ ကျွှန်တော့် ရဲ့နာမည် အရင်းကတော့ ဝေလင်းဖြိုးလို့ခေါ်ပါတယ်။
ကျွှန်တော် ဒီ blogspot site လေးထဲမှာ ကျွှန်တော်သိသမျှ၊ တွေ့သမျှ သတင်း၊ IT ပညာရပ်များကို
တင်ပြသွားမှာပါ။ ကျွှန်တော် ကဘလော့ရေးရတာလည်းဝါသနာပါတယ် IT မှာလည်းအလွန်အမင်းကို
စိတ်ဝင်စားတယ်ဗျ။ ကျွှန်တော့် ပညာကအတော်ကို သေးပါသေးတယ်။ IT ဆိုတဲ့ မိသားစုထဲမှာ ကျွှန်တော်
က ခုမှ မွေးလာတဲ့ မွေးကင်းစ ကလေးပါ။ ဒါကြောင့် ကျွှန်တော့်ကို အကြံများလည်းပေးကြပါ။ အမှားများရှိရင်လည်း
ကျွှန်တော့်ကို comment နေရာမှာပဲဖြစ်ဖြစ် ။ ကျွှန်တော့် account ကိုပဲဖြစ်ဖြစ် ပို့ပြီး အကြံပေးနိုင်ပါတယ်။

ကျွှန်တော် မင်းသားလေးဆိုတဲ့ ကလောင်နာမည်ကို ဘယ်လိုပေးဖြစ်သွားလဲဆိုတော့ ကျွှန်တော်က
နန်းတွင်းကားတွေ တအားကြိုက်တာဗျ။ အဲထဲမှာပါတဲ့ မင်းသားလေးတွေကိုပေါ့လေ အားကျတယ်။ :)
ဟီး သူတို့ ဆိုကြည့်ပါလားဗျ။ လိုတရနေတာကို အားကျတော့ ကျွှန်တော်လည်း ကလောင်နာမည် စဉ်းစားရခက်နေတာနဲ့
နန်းတွင်းကားကို သတိရပြီး မင်းသားလေးဆိုပြီးပေးဖြစ်သွားတာဗျ။ နည်းနည်းတော့ကြောင်တယ်မလား :D

အော်...စောဒီးဗျာ ကျွှန်တော့် အကြောင်းမိတ်ဆက်နေတာနဲ့ ပဲ မင်္ဂလာပါလို့ပြောမယ့်ဟာတောင်မပြောရသေးဘူး။
စာဖတ် ပရိတ်သတ် ၊ဘလော့ဂါများ ခင်ဗျာ အားလုံးပဲ မင်္ဂလာပါလို့ ကျွှန်တော် ဒီပို့စ်ကပဲ ပြောလိုက်ပါတယ်နော်။
လိုတာရှိရင်လည်းကျွှန်တော့် အကောင့်ကို ဆက်သွယ်နိုင်ပါတယ်။ ကျွှန်တော် ကူညီနိုင်တာရှိရင်လည်းပြောပါ။
ကျွှန်တော်ကူညီပေးပါ့မယ်။( ကူညီနိုင်မှလို့ပြောတာနော်။ :) ကဲ အားလုံးပဲ ဒီပို့စ်လေးကိုဒီမှာပဲ အဆုံးသတ်ပါရစေ။



အားလုံးကို ကြွားပြီးပြောတာတော့မဟုတ်ဘူးနော်။ လာလည်ရအောင်လို့ပြောတာပါ။
ကျွှန်တော် Admin လုပ်ထားတဲ့ Ning ဆိုက်တွေကိုပြောပြမယ်နော်။ အားရင်လာလည်ကြပေါ့ :)

www.yayoutnantaw.ning.com
www.emotownship.ning.com

ကျန်တော့ကျန်သေးတယ်။အများကြီးပဲ ဒါပေမယ့် မပြောတော့ဘူးနော်။ဒီ ၂ခုကိုလည်လို့ ရိုးသွားပြီဆိုရင်တော့
ကျွှန်တော့်ကိုပြောပေါ့ဗျာ။ ကျွှန်တော့် ထပ်ပေးပါဦးမယ်။



မင်းသားလေး

Comments

0 responses to "အားလုံးပဲ မင်္ဂလာပါဗျာ။"