4/24/2010 | Posted in
အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်း
ရေခင်းပြတယ်၊ ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာ
မင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊
အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။ အခုအချိန်မှာ ၀က်ဖြစ်မှတော့
မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။ မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ်
ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး ဖြစ်မနေပါနဲ့လို့။ ယူမှာက မင်းကိုပါ။
ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က
ကဲမနေပါနဲ့လို့။
မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာ
အလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ ကောင်စားမျိုးတဲ့။ ဒါပေမဲ့ပြောလိုက်ပါ
ကိုယ်ဟာ ကြောင်သူတော် ကြွက်သူခိုးမဟုတ်သလို တောမီးလောင်
တောကြောင်လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ ကိုယ့်ရဲ့
မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ…….
နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း
မင်းအဖေလိုလူအတွက် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလို
ဟိုကောင့်အတွက်ကျတော့ ကံကောင်းတဲ့ကျား သွားရင်း
သမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။သူများ အကြောင်းလည်း မပြောချင်ပါဘူး အချစ်ရယ်
ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး၊ ရွှေပင်နားတော့ ရွှေကျေးမျိုးတော့
ဖြစ်မှာပေါ့လေ။ တကယ်တော့ သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊ ကြွက်သေတစ်ခု
အရင်းပြုရုံလေးနဲ့ စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက်
ကျီးနင်းခိုက်ဖြစ်လို့၊ ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိ
ဖြစ်သွားသူတွေပါ။ အများညီ ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့
ပြောတော့ကြောင်သူတော် ယိုတော့ ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။
ဆင်သတ်အရပ်ဝေပြီးမှ ဆင်သားရေကို ဆိတ်သားရေနဲ့ဖုံးချင်တာ
သူတို့အသိုင်းအ၀ိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။ အထင်လည်း မသေးပါဘူးနော်။
ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း သူစီးတဲ့မြင်း အထီးမှန်း အမမှန်းတောင်
မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊
ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊ ကျီးကန်းသူကောင်း မြှောက် ချေးကောက်စား
ဆိုတဲ့သူမျိုးပါ။ ထားလိုက်ပါလေ။ ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။
အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။

တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက်ဝက်တပ်
ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်း ကြောက်ပါတယ်ဆို
ကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့
ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ မင်းမိဘနှစ်ပါးကြောင့် ကျွဲနှစ်ကောင်ကြားထဲက
မြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့်
မင်းဖြစ်အင်ကိုသာတွေးတွေး ရင်မောပြီး ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်နေပါပြီ။

တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဉ့်တစ်ကောင် မြားတစ်စင်း
ဆိုတာကို မြင်ပုံမရဘူး။ ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး
စွတ်မိုက်နေတာ။ အင်း… မပြောချင်ပါဘူးလေ… ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ်
ခေါင်းမှာစု လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်
လို့ပဲပြောပြော။ သူ့မိဘတွေကလည်း ဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။
တကယ်တော့ အညှီရှိရာ ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာ ငါးပွက်ရာငါးစာချဖို့
ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင်
ငါးကင်ပစ် လုပ်သွားဦးမှာ။ နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင်ပါ
နွားကျားကိုက်ဆိုတဲ့အချိန်၊ ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့
မင်းအဖေအော်နေဦးမှာ။ အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့
မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့ ကိုယ့်ယောက္ခမလောင်းကြီးရဲ့
သေချင်တဲ့ကျား တောပြောင်းအဖြစ်ကို ကိုယ်မြင်ယောင်မိနေတယ်။

မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင်
နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျသလို ပွက်ပွက်ညံနေပါရော။
တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်း
ခြေမြင်ပြီးသားပါနော်။ အင်း… နွားအို မြက်နုကြိုက်သလို မင်းအဖေကြီး
ငွေကြိုက်တာလည်း နွားငတ်ရေချ ဆိုသလို၊ ကိုယ့်အတွက်တော့
အထူးအဆန်းမဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင် လမ်းဖြစ်မယ်လို့ ထင်နေတာလေ။
ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက်
သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊ မျောက်ပြဆန်တောင်း
လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့ အစွံထုတ်လို့ ပြောရင်
မင်းပါစိတ်ဆိုးတော့မယ်။ အင်း… ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့ ဆိုသလို
ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆို နွားပျိုသန်လှ နွားအိုပေါင်ကျိုး
သာသာပဲရှိတော့… အင်း… ယုန်အတွက် ချုံကကြောင့်ကြနေရတာပေါ့။

မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့။
မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။ ဟုတ်ချင်လည်းဟုတ်မှာပါ
ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်း ခွေးပစ်တဲ့
တုတ်သာသာရှိတော့… ကိုယ်နဲ့ပေးစားမယ့်အစား ခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။
အဲဒါကို ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီး
စိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက်
ခွေးကောင်းနားရွက်ပြတ်ဖြစ်သွားမှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။ ကဲပါ…
ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။
တစ်ခုတော့ မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။
ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော် နွားကျတဲ့ကောင်တဲ့။
ကိုယ်ကလည်း ဘယ်ရမလဲ၊ ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊
နွားသိုးကြိုးပြတ် မရမ်းတတ်ဘူးလို့ နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။

အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှ
သစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်း သမင်မွေးရင်း
ကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေး
ခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ သမင်ကူ မမှားဖို့အရေး၊
ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး Style
မျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန်ရုံ လေးပါ။
ကိုယ့်မှာတော့ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊
မင်းကိုပါလန့်ပြီး ကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။ တကယ်တမ်းဆိုရင်
ကိုယ်ဟာ မြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း ကိုယ်ကမင်းကို
ချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊ ကျားကိုက်ပါတယ်ဆို နာတာရှည်လားချည်း
လာလာမေးနေလေတယ်။ ဆင်ကောင်ကြီးတွေ့မှတော့ ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။
ကိုယ်ကလည်း မင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး… အဲ… မိကျောင်းမင်း ရေခင်းပြတွေ
ခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ် စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။
သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားဗျာ။
ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။ ဒါမှမဟုတ်များ
ယာလည်းညက်စေ ကြက်လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။

မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။
နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုး ကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်… အဲ…
နွား သွားဖြဲကြည့်မနေပါနဲ့လို့။ မကောင်းပါဘူးလေ။ နှံပြည်စုတ်
အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို လက်တုန့်မပြန်ချင်ပေမယ့်လည်း
တခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင်
ရှို့ပစ်မိတော့မှာ။ ရော့…ပတ္တမြား ရော့…နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကို
ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့
ကြုံရင်ပြောလိုက်စမ်းပါ။ ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီး
မြင်းရံစေချင်တာကို ကိုယ်သိပါတယ်။ ဒီတော့ မျောက်သားစားချင်
မျောက်မျက်နှာကြည့်ဆိုသလို ကိုယ်နာလည်ပေးရမှာပေါ့။

တကယ်ပါ အချစ်ရယ် ကိုယ့်ဘ၀ဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာ
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမက
ကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊
ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့ သမီးမျိုးကို
မွေးထားတဲ့ မင်းအဖေကို ပြောလိုက်ပါ။ အိုင်တွေ့လို့မှမလူး ကျွဲရူး၊
ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ ဘာပဲပြောပြောပါ။ မင်းမရှိတဲ့
ကိုယ့်ဘ၀ဟာ နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့
အချစ်တွေကလည်း ကျားသနားမှ နွားချမ်းသာရမဲ့ ဘ၀မျိုးဖြစ်နေပါပြီ။ ယုံပါ၊ ကိုယ်ဟာ
မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့ လူစားမျိုးလည်း မဟုတ်တာ အမှန်ပါ
အချစ်ရယ်။

တကယ်ပါအချစ်ရယ်… ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ်
ရေထဲလွှတ်သလိုမျိုး စိုင်ကော်လို့ချုံပေါ်ရောက်ပြီး ရွှေပင်မှာနားတဲ့ ရွှေကျေးလေး
ဖြစ်တော့မှာပါ။

ဆိုက်တစ်ခုက ဖတ်ရလို့ပြန်တင်ပေးလိုက်ပါတယ်.
Category:
��
4/23/2010 | Posted in
ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို
အခြေအနေရှိလဲ..
အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေ
းထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."
"အေးပါ...မြန်မြန်ပြောစမ်းပါ..."
"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."
"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."
"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."
"ဟေ!!!!...."
"သူကတော့ပင်ပန်းပြီးသေတာဆရာ"
"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."
"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"
"ဟို..ဟိုလေ....မီးလောင်လို့..."
"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."
"ဆရာ.အိမ်ပေါ့ဆရာရယ်"
"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"
"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"
"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"
"ဆရာ့အမေ...."
"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."
"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်."

ဆိုက်တစ်ခုမှဖတ်ရလို့ပြန်တင်ပေးလိုက်ပါတယ်.။

Category:
��
4/22/2010 | Posted in
ဒါကတော့ ကိုစေတန်ဂေါ့ ရေးထားတဲ့စာအုပ်လေးတစ်အုပ်ပါပဲ.။ Blogger ဆိုက်တစ်ခုထောင်နည်းလေးပါ..။
တော်တော်ကောင်းတယ်ဗျ။ မတတ်သေးတဲ့လူတွေ.၊ ခုမှစမယ့်လူတွေဆိုအဆင်ပြေတယ်.။
ဖတ်ကြည့်ပြီးမှ လုပ်ကြည့်ပေါ့နော်.။

Making Blog.rar
Category:
��
4/22/2010 | Posted in
ကျွှန်တော် ဒီတစ်ခါ Ebook လေးတစ်ခုတင်ပေးပါ့မယ်။ Photoshop ကိုတော့ လူတိုင်းလိုလို
အခြေခံလောက်တော့ တတ်ထားသင့်ပါတယ်.။ ဒီ Ebook လေးထဲမှာရှိတဲ့ သင်ခန်းစာများကလည်း
တော်တော်လေးကောင်းပါတယ်..။ Ebook ကိုဖတ်လိုက် Photoshop မှာလုပ်လိုက်. အဲ့လိုလုပ်ရင်း ကနေ တတ်
သွားမှာပါ..။
ဆိုတော့ ကျွှန်တော် တင်ပေးလိုက်ပြီနော်.။ photoshop အကြောင်းတတ်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်.။


ဒါလေး
ကို နှိပ်ပြီးဒေါင်းလိုက်နော်.။
Category:
��
4/22/2010 | Posted in
ကိုညီနေမင်း ဆိုက်ကမွှေကြည့်ရင်းတွေ့လာတာပါ..။Online Dictionary လေးတစ်ခုပါ.။
သူလေးက တော့အတော့်ကိုအဆင်ပြေပါတယ်.။ ဥပမာ-
ကိုယ်က နိုင်ငံခြားသားတစ်ယောက်နဲ့
Chat တယ်ဆိုပါစို့.။သူပြောတဲ့ စကားလုံးတိုင်းကို ကိုယ်က နားမလည်ဘူးလေ.။အဲ့တော့ရှာလို့ရတယ်.။
နောက်တစ်ခုက ကိုယ်က မြန်မာလိုအဓိပ္ပါယ်ကသိနေတယ်။ဒါပေမယ့် အဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုခေါ်ရမှန်း
မသိရင် မြန်မာလိုသာရိုက်လိုက်ဗျ။ ပြန်ပြီးအင်္ဂလိပ်လိုရေးပေးလိမ့်မယ်.။ ဒါပေမယ့် ဒီ ဆိုက် လေးကိုသုံးဖို့
ဒီဖောင့် လေးကိုဒေါင်းသွားပါ..။ပြီးရင်အသုံးပြုရတာအဆင်ပြေမှာပါ..။

(၁) http://dictionary.all-channel.com
(၂) http://www.burmese-dictionary.org
(၃) http://www.ornagai.com/


Category:
��
3/17/2010 | Posted in
ဒါကတော့ ကျွှန်တော်ကိုသံလုံငယ် ဆီကနေ ရလာတာဗျ။စိတ်ဝင်စားဖို့ကောင်းလို့တင်ပေးလိုက်တာပါ။
ဒီလိုဗျာ joystick တွေသုံးပြီး ဂိမ်းဆော့ရတာက တော်တော်အရသာရှိတယ်လေ။ Wii

ဂိမ်းတွေလိုပေါ့။ ပင်ပေါင်ရိုက်ဖို့အတွက် ဘက်တမ်ကို ကိုင်ပြီး အပြင်မှာ

ရိုက်နေတဲ့အတိုင်း လှုပ်ရှားရရင် ပိုပြီး အရသာရှိတာပေါ့။ နောက်ပြီး

ကားလက်ကိုင်လိုမျိုး ကိုင်ပြီး မောင်းရရင် ဂိမ်းက ပိုအသက်ဝင်တယ်လေ။ အခုက

အဲလို joystick နဲ့ အဲ့လို game set တွေ မ၀ယ်ပဲ မိမိဝက်ကမ်ရှေ့မှာ လက်ထဲ

ရှိတာတစ်ခုကို ကောက်ကိုင်ပြီး ဖြစ်စေချင်တဲ့ joystick ပေးဖြစ်လိုက်မယ်လေ။

ကားလက်ကိုင်အစား စက္ကူဝိုင်းလေး တစ်ခု ပဲ ဖြစ်ဖြစ်၊ စီဒီချပ်

ကလေးနဲ့ပဲဖြစ်ဖြစ် ဆော့ကြည့်လို့ရတာပေါ့။ လက်ရှိခေတ်ရဲ့ communication အရ

လူတိုင်းလိုလိုမှာ ၀က်ကမ်ရှိပါတယ်လေ။ စမ်းကြည့်ကြပေါ့ … Beginner

များအတွက် အောက်မှာ ကူညီပေးထားပါတယ်။ ဆက်လက်ပြီး ဖတ်ရှူပေးပါ။





အောက်မှာလင့်ပေးထားတယ်။ ဒေါင်းလုပ်သွားချလိုက်။ Beta ပဲ ရှိသေးတော့ freeware ပဲ။ ထွက်တာလည်း နှစ်နဲ့ ချီနေပြီ။ သူလည်း Beta က တက်မလာသေးဘူး။
Google ကြီးရဲ့ စတိုင်ကို အားကျတာလားတော့မသိဘူး။ ထုံးစံအတိုင်း downloaded

and than Install ပေါ့။ run ပြီးလို့ program စဖွင့်တာနေ ပြောပြပါ့မယ်။

အီးမေးလ်လိပ်စာတစ်ခု တောင်းလိမ့်မယ်။ ထည့်ပေးပြီး Done နှိပ်။





ထပ်ပေါ်လာတဲ့ screen မှာ ခလုပ်တစ်ခုကို ဂိမ်းရွေးဖို့အတွက် နှိပ်ခိုင်းလိမ့်မယ်။ icon နှစ်မျိုးလောက် မှတ်ထားလိုက်ရင် ဒီ software
ကို ကောင်းကောင်းသုံးလို့ရပြီ။ အခု Icon က ဂိမ်းရွေးဖို့အတွက်

ရည်ညွှန်းပါတယ်။ မှတ်ထားလိုက်ပါ။





ပထမဆုံး စပြီးစမ်းသပ်ရမှာဖြစ်လို့ ဘော်လုံးဖောက်တဲ့ ဂိမ်းတစ်ခုပဲ ဆော့လို့ရပါဦးမယ်။ အဲဒါပဲ ရွေးပေးလိုက်ပါ။






နောက်ထပ်မှတ်ထားရမယ့် icon တစ်ခုလာပြီ။ အဲဒါက မိမိအသုံးပြုမယ့် joystick ကို သူသိအောင် ပြပေးဖို့ပဲ။ အဲဒါကိုနှိပ်။






သူပြတဲ့ အမှတ်အသားနေရာမှာ မိမိသုံးမယ့် ပစ္စည်းကို ထောင်ပြပေးပါ။

ငါးစက္ကန့်အတွင်း ပြထားပေးလိုက်ရင် အောက်ပါအတိုင်း မိမိပြထားတာက ဂိမ်းရဲ့

icon ဖြစ်သွားပါတယ်။ (အနီးစပ်ဆုံးဖြစ်ဖို့တော့ လိုတာပေါ့၊

ကားမောင်းမှာဆိုရင် ၀ိုင်းတဲ့အရာတစ်ခု၊ အခုလို ဘော်လုံးဖောက်ဖို့ဆိုရင်

တုတ်တံ တစ်ချောင်း ကဲ့သို့ပေါ့)။ နောက်ခံအရောင်တွေထက် ထူးခြားတဲ့

အရောင်ဖြစ်မှပဲ ကောင်းမှာပါ။ မဟုတ်ခဲ့ရင် ဆော့နေရင်း

ပစ္စည်းပျောက်ပျောက်သွားပါလိမ့်မယ်။




အောက်မှာ ပြထားတဲ့ပုံအတိုင်း ဘော်လုံးနံပါတ် ၁ ကနေ ၅ အထိ အစဉ်လိုက် ထိအောင် ဖောက်ပေးလိုက်။




အဲဒါဆိုရင် အောက်ကပုံအတိုင်း ပြလာပါလိမ့်မယ်။ finish နှိပ်ပေးလိုက်ပါ။







အခုဆိုရင် မိမိကြိုက်ရာဂိမ်းကို ရွေးဆော့နိုင်ပါပြီ။ ဂိမ်းတစ်ခုကို

ရွေးပေးလိုက်ပါ။ သေနတ်ပစ်ရတဲ့ ဂိမ်းမျိုးနဲ့ ပင်ပေါင်ရိုက်တဲ့ ဂိမ်းမျိုးက

ဒီမှာ တော်တော်ဆော့လို့ကောင်းပါတယ်။ ဂိမ်းတစ်ခု အသစ်ဝင်တိုင်း joystick

ကို ကွန်ပျူတာက သိအောင် ၀က်ကမ်ရှေ့မှာ ပြသရမယ့် ပုံစံကို ဗီဒီယို အနေနဲ့

ပြပေးပါတယ်။ ပြီးရင် သူ့အောက်မှာ next ဆိုပြီး ပေါ်ပါတယ်။ အဲဒါပြီးမှ

ဂိမ်းဆီသွားမှာဖြစ်ပါတယ်။




Download Link

http://www.camspace.com/






အဆင်ပြေပါစေဗျာ။

��
3/17/2010 | Posted in

ဒါကတော့ ကျွှန်တော် ကိုသံလုံငယ် ဆီကနေရလာတာဗျ။

ကိုယ် ပြောလိုက်တဲ့ အသံကို ပြောင်းပေးဖို့လေဗျာ။ မိန်းကလေးအသံ၊ ကလေးအသံ၊ ယောကျာင်္းလေးအသံ၊ သရဲအသံ၊ ခွေးအသံ၊ (သို့မဟုတ်) မိမိလိုချင်တဲ့အသံတွေကို စိတ်ကြိုက်ပြောင်းလို့ရတယ်။ နောက်ခံအသံတွေ အနေနဲ့လည်း မြို့ထဲက ကားဟွန်းသံတွေလိုမျိုး ကြိုက်သလိုထည့်လို့ရတယ်။ ဘယ်လိုသုံးမလဲ ဆိုတော့ … ကွန်ပျူမှာသုံးရင်တော့ chatting တွေ နဲ့ ဖုန်းဆက်ဖို့အတွက် သုံးလို့ရသလို၊ သီချင်းသမားတွေအတွက်လည်း အသုံးဝင်ပါတယ်။ နောက်ခံကားသံတွေထည့်ပြီး ‘ချစ်ရေ .. ကိုယ် မြို့ထဲရောက်နေလို့ကွာ’ ပေါ့ ။း)
ဖုန်းထဲမှာသုံးတဲ့ program လည်း ထည့်ပေးထားပါတယ်။ ယောက္ခမ က ယောကျာင်္းလေးသံနဲ့ဆို မခေါ်ပေးတာမျိုး ရှိခဲ့ရင်ပေါ့လေ။ အနည်းဆုံးတော့ အပျော်သဘောအနေနဲ့ သုံးလို့ရတယ်လေ။ အပျော်ပေါ့ဗျာ … စမ်းကြည့်ပါဦး။
PC အတွက်ရော၊ mobile အတွက်ရော ပေးထားပါတယ်။ ဒေါင်းနိုင်တဲ့ နေရာကတော့ mediafire တစ်နေရာပဲ ပေးထားလိုက်တော့မယ်ဗျာ။ အဆင်ပြေသလိုသာ ကြိုးစားပေတော့။ katz.cd မှာဆိုရင်လည်း အခြားသော hosting မျိုးစုံက တင်ပေးထားပါတယ်။ ကွင်းနဲ့ရေးပေးထားတဲ့ နာမည်ကိုသာ search ထဲ ထည့်ရှာလိုက်။ ပေါမှပေါပဲ။

For PC ဒီကောင့်ထဲမှာ crack ကို folder နဲ့ ထည့်ပေးထားတယ်။ replace ပေးရမယ့် crack ပါဗျာ။ install လုပ်ပြီး ဖွင့်ကြည့်ဗျာ။ ပထမဆုံး profile တစ်ခု ဆောက်ခိုင်းလိမ့်မယ်။ နာမည်လေးထည့်ပြီး next တွေနှိပ် စပေးလိုက်။ ပြီးရင် သုံးချင်တဲ့ အသံကို ရွေးပေးလို့ရသလို adjust လုပ်ပြီး ပြင်လို့လည်းရတယ်။ ဒီအသံကို gtalk ကဲ့သို့သော im တွေမှာလည်း ဖြစ်ဖို့ကိုတော့ Settings ရဲ့ Default system Microphone ဆိုတာကို check ပေးလိုက်ဖို့ လိုပါတယ်။ Vista နဲ့ windows 7 မှာဆိုရင်တော့ လက်ရှိသုံးနေတဲ့ mic ကို အမှတ်ခြစ် (default) ပေးထားပြီး၊ Bee audio ဆိုတဲ့ mic ကလည်း စကားပြောလိုက်ရင် အတုံးလေးတွေ လိုက်တက်ရမယ်။ ဒါဆိုရင် ဘယ်မှာပဲ သုံးသုံး ကိုယ်ပြင်ထားတဲ့အသံ ထွက်ပြီပဲ။ အောက်ကပုံတွေကို ကြည့်လိုက်ပါ။






For Mobileကိုတော့ sis ဖိုင်အမျိုးအစားနဲ့ ပေးထားတယ်။ ဒီဖိုင် အမျိုးအစားကို support လုပ်တဲ့ mobile တွေမှာ အဆင်ပြေလိမ့်မယ်။ အထူးသဖြင့် Nokia တော်တော်များမှာ ရမှာပါ။ mobile application တွေ ဘယ်လို Install လုပ်တာက တော်တော်လွယ်ပါတယ်။ ဖုန်းထဲ ဖိုင်ရောက်အောင်ထည့် အဲဒါကို ဖုန်းဖွင့်ပြီး ပြန်ရှာ။ Ok လေးနှိပ်။ ပြီးရော ပဲလေ။ စမ်းကြည့်ကြပေါ့ဗျာ။ ပျော်စရာတော့ကောင်းမှာပါ။


အဆင်ပြေရင်လည်းအဆင်ပြေကြောင်းလေး comment ချန်ပေးသွားပါနော်။ကျွှန်တော်လည်း
ရရင်ချင်းတင်ပေးလိုက်တာဆိုတော့မစမ်းကြည့်ရသေးဘူးဗျ။ဖုန်းနဲ့လည်းမစမ်းရသေးတော့
အဆင်ပြေရင် ပြေပါတယ် ဆိုပြီးတော့ comment လေးချန်ပေးခဲ့ပါနော်။
��
3/17/2010 | Posted in
ဒါကတော့ ကျွှန်တော် ကိုစေတန်ဂေါ့ ရေးထားတဲ့ HTML အကြောင်းပါ။ မြန်မာလိုရေးပေးထားတာပါ။
ကျွှန်တော်လည်းအဲကနေတော်တော် တတ်နေပါပြီ။ :) မြန်မာလိုရေးထားတာဆိုတော့ အဆင်ပြေတာပေါ့ဗျ။
ဒီကောင်လေးက notepad အခြေခံရေးရမှာဆိုတော့ သိပ်တော့မခက်ပါဘူး။ဖတ်ကြည့်
လိုက်ပေါ့ဗျာ။နားလည်လာမှာပါ။ ဒေါင်းသွားလိုက်နော်။

HTML အကြောင်း

အော်ပြီးတော့ Tutorial အတွက်ဆိုက်ပေးမယ်နော်။

ဒီမှာပါ။
ူLesson လေးတွေနဲ့ level အလိုက်သွားရတာပါ။

အဆင်ပြေကြပါစေဗျာ။




Category:
��
3/17/2010 | Posted in
အဲဒီနှစ်က သူမ(၁၆)နှစ်
ပထမဆုံးအကြိမ် ကောင်လေးတစ်ယောက်ကို သူမ စစိတ်ဝင်စားခဲ့တယ်။ အဲဒီကောင်လေးက
သန့်ပြန့်တဲ့ရုပ်ရည်နဲ့ အရပ်သိပ်မမြင့်ဘူး။ ဒါပေမယ့် ဘောလုံးကစားတာကို
သူဝါသနာပါတယ်။ သူ့အသံကသြပြီး အက်ရှတယ်။ စာတော်ပြီး အခန်းထဲမှာ
အမြဲပထမရတယ်။ အဲဒီခေတ်တုန်းက ငယ်ရွယ်တဲ့အချစ်ကို လူတွေအပြစ်မတင်ကြသလို
မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ချစ်ကြောင်းစဖွင့်ပြောလဲ
သတင်းတစ်ပုဒ်ဖြစ်နိုင်တော့တဲ့ ကာလမဟုတ်ပေမယ့်လည်း သူ့ကိုဖွင့်ပြောမယ်လို့
သူမ ဘယ်တော့မှ တွေးမထားခဲ့မိဘူး။ အဝေးကနေပဲ သူ့ကိုငေးကြည့်နေရရုံနဲ့တင်
သူမကျေနပ်ခဲ့တယ်။

သူနဲ့ လမ်းတစ်နေရာမှာဆုံမိပြီး နှုတ်ဆက်ရရင် သူမအရမ်းပျော်တတ်တယ်။
သူဘောလုံးကစားတာကို ကြည့်ချင်လွန်းလို့ ကျောင်းဆင်းလည်း အိမ်မပြန်ဘဲ
ကစားကွင်းဘေးမှာ တစ်ပတ်ပြီးတစ်ပတ် သူမ အပြေးလေ့ကျင့်နေတတ်တယ်။


စက္ကူကြယ်လေးတွေ သူမခေါက်သင်ပြီး နေ့တိုင်း စက္ကူလေးတွေပေါ်မှာ
သူ့ကိုပြောချင်တဲ့စကားလုံးတွေ ချရေးပြီး စက္ကူကြယ်လေးတွေ သူမခေါက်ခဲ့တယ်။
ကြယ်လေးတွေကို ပုလင်းတစ်လုံးထဲထည့်ပြီး သူမသိမ်းခဲ့တယ်။ သူနှစ်သက်မယ့်
မိန်းကလေးမျိုးက နူးညံ့သိမ်မွေ့ပြီး ဖြောင့်စင်းမည်းနက်တဲ့ဆံပင်နဲ့
အရည်လဲ့ဝိုင်းစက်နေတဲ့ မျက်လုံးပိုင်ရှင်ဖြစ်လိမ့်မယ်
လို့ သူမ
မကြာခဏတွေးထင်မိတယ်။ အဲဒီမိန်းကလေး ပြုံးရယ်တဲ့အချိန် ပါးစပ်က
မဟတဟလေးဖြစ်မယ်လို့လည်း သူမမြင်ယောင်မိတယ်။

သူမမှာ မည်းနက်တဲ့ဆံပင်ရှိပေမယ့် နားရွက်ထိအောင်တိုတယ်။ သူမမှာ
ဝိုင်းစက်တဲ့မျက်လုံးရှိပေမယ့် ရယ်လိုက်တဲ့အချိန် မျဉ်းတစ်ကြောင်းပုံစံ
မှေးသွားတတ်တယ်။ တကယ်လို့ တစ်နေ့နေ့မှာ သူမသာ အဲဒီမိန်းကလေးပုံစံလို
ဖြစ်သွားခဲ့ရင် သူစိတ်ဝင်စားလာမလားလို့ မှန်ကြည့်တိုင်း
သူမစိတ်ကူးယဉ်တတ်တယ်။ အဲဒီလိုအမြဲတမ်း စိတ်ကူးယဉ်တွေးထင်ပေမယ့်
လစဉ်လတိုင်း ဆံပင်ညှပ်ဆိုင်ပြေးပြီး အတန်ငယ်ရှည်လာတဲ့ ဆံပင်ကို
သူမသွားသွားညှပ်တတ်တယ်။ ရယ်မောစရာတွေ့ရင်လည်း တဟားဟားနဲ့ မျက်လုံးတွေ
မှေးကျသွားတဲ့အထိ သူမအော်ရယ်တတ်တယ်။

သူမ(၁၉)နှစ်မှာ နာမည်သိပ်မကြီးပေမယ့် အရမ်းလည်းအဆင့်မနိမ့်တဲ့
တက္ကသိုလ်တစ်ခုကို တက်ခွင့်ရခဲ့တယ်။ စာတော်တဲ့သူကတော့ ထုံးစံအတိုင်း
တစ်ခြားမြို့က နာမည်ကြီးတက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်။ ရထားပေါ်ထိုင်ပြီး
သူမကိုမွေးခဲ့၊ ကြီးခဲ့တဲ့မွေးရပ်မြေကို မျက်စိတစ်စုံငေးမောရင်း
သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ လွမ်းဆွေးစရာတွေက သူမရင်ဝမှာ လှိုက်တက်လာခဲ့တယ်။

တက္ကသိုလ်ကျောင်းသူဘဝအစက ခက်ခဲပင်ပန်းတဲ့ ရက်(၂ဝ)ကြာလေ့ကျင့်မှုတွေနဲ့
စခဲ့ရတယ်။ ညအိပ်ရာမဝင်ခင် ကျောင်းသူတချို့က စောင်ခေါင်းမြီးခြုံပြီး
ချစ်သူကို ဖုန်းနဲ့ အလွမ်းတွေတိုင်တည်ကြတယ်။ အလွတ်ရနေတဲ့ ဂဏန်းတချို့ကို
အကြိမ်ပေါင်းများစွာ သူမ နှိပ်ခဲ့ပေမယ့် ခေါ်ယူတဲ့ခလုတ်ကို သူမ
မနှိပ်ခဲ့မိဘူး။ အသက်(၁၉)နှစ်ရောက်မှ လွမ်းဆွတ်တမ်းတတဲ့ခံစားမှုကို
ပထမဆုံးအကြိမ် သူမခံစားခဲ့မိတယ်။ တကယ်တော့ လွမ်းဆွတ်ခြင်းဆိုတာ
ရေရာတဲ့အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို မျက်ရည်ကျစေအောင်
ပေးနိုင်စွမ်းတဲ့ အင်အားတွေဖြစ်တယ်။

(၄)နှစ်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားဘဝက ရှည်လျားတယ်လို့ မဆိုသာဘူး။
အဲဒီမရှည်မလျားတဲ့ နေ့ရက်တွေကို တစ်ကိုယ်တည်း သူမဖြတ်သန်းခဲ့တယ်။
သူငယ်ချင်းတွေက ဘာဖြစ်လို့ တက္ကသိုလ်ကျောင်းသားဘဝမှာ ကြင်ဖော်မရှာတာလဲလို့
သူမကိုမေးတဲ့အခါ သူမကရယ်ကျဲကျဲနဲ့ "စာတွေများလို့ပါ"
ဆိုတဲ့ဆင်ခြေကိုပဲပေးခဲ့တယ်။ တကယ်လည်း သူမစာကြိုးစားခဲ့ပါတယ်။
သူတက်နေတဲ့တက္ကသိုလ်မှာ မာစတာဆက်တက်နိုင်ဖို့ သူမကြိုးစားခဲ့တယ်။

(၄)နှစ်အတွင်းမှာ သူမဆံပင်တွေ ရှည်လျားခဲ့တယ်။ တစ်ခါက
ကျောင်းသူကျောင်းသားဟောင်း တွေ့ဆုံပွဲမှာ သူငယ်ချင်းတွေက
ဖြောင့်စင်းရှည်လျားတဲ့ သူမဆံပင်ကြည့်ပြီး အံ့သြခဲ့ကြတယ်။ ဝိုင်းစက်တဲ့
သူမမျက်လုံးတွေက အရည်လဲ့လဲ့နဲ့ ပန်းရောင်သမ်းနေတဲ့ အသားအရည်၊
မဟတဟရယ်မောတတ်တဲ့ အပြုံးတွေကြောင့် တစ်ချိန်က ဆတ်ကော့ကော့ကောင်မလေးသူ့ကို
လူတွေသိပ်မမှတ်မိခဲ့ကြဘူး။

သူမကိုတွေ့တဲ့အချိန် သူလည်းတစ်ချက်တော့ ကြောင်သွားတယ်။ ဒါပေမယ့်
အဲဒီတုန်းက သူ့လက်ဟာ သူ့ဘေးမှာရှိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခါးသေးသေးကို
ဖက်ထားပါတယ်။ သူ့ဘေးက သူမထက် ပိုနူးညံ့သိမ်မွေ့လှပတဲ့
ကောင်မလေးကိုကြည့်ပြီး နာကျင်သွားတဲ့စိတ်ကို ကွယ်ဝှက်ရင်း
"မတွေ့တာကြာပြီနော်" လို့ပဲ သူမနှုတ်ဆက်နိုင်ခဲ့တယ်။

သူမ(၂၂)နှစ်မှာ ပထမအဆင့်နဲ့ သူတက်ခဲ့တဲ့တက္ကသိုလ်မှာ မာစတာတန်းကို
တက်နိုင်ခဲ့တယ်။ သူက ကျောင်းပြီးတာနဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုမှ
အလုပ်ဝင်ခဲ့တယ်။ လုပ်ရည်ကိုင်ရည်ထက်မြက်တာကြောင့် သူ့ရဲ့လခက
ဂဏန်းခြောက်လုံးထိရှိခဲ့တယ်။ သူမက တစ်ကိုယ်ရည်ဘဝနဲ့ အပြောင်းအလဲမရှိ
ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ကျောင်းသားဘဝကို ဆက်လက်ဖြတ်ကျော်နေပါတယ်။

ကျောင်းပိတ်လို့ အိမ်ပြန်တဲ့တစ်ခေါက်မှာ အမေကသူ့လက်ကိုဆွဲပြီး "သမီး...
ပညာသင်တာ ကောင်းပါတယ်။ ဒါပေမယ့် မိန်းကလေးဆိုတာ တစ်နေ့တော့
အိမ်ထောင်ပြုသားမွေးရမှာပဲ။ ဒါမှ ဘဝကလုံခြုံသွားမှာ" အမေ့စကားကို
သူမခေါင်းညိတ်ပြပြီး ပါလာတဲ့ပစ္စည်းတွေနဲ့ အခန်းထဲဝင်ခဲ့တယ်။
ခရီးဆောင်သေတ္တာကို ဖွင့်လိုက်ပြီး သေတ္တာထဲကနေ စက္ကူကြယ်အပြည့်ထည့်ထားတဲ့
ပုလင်းကို သူမအရင်ထုတ်လိုက်တယ်။ ပြီးတော့ စာအုပ်စင်ပေါ်တင်လိုက်တယ်။
စာအုပ်စင်ပေါ်မှာ စက္ကူကြယ်ပုလင်းတွေ တန်းစီနေတယ်။ စုစုပေါင်း
(၆)ပုလင်းရှိခဲ့ပါပြီ။

သူမ(၂၅)နှစ်...နာမည်ကြီးတက္ကသိုလ်က မာစတာဘွဲ့နဲ့ သူမအကောင်းဆုံး
အောင်မြင်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ လခကောင်းတဲ့အလုပ်တစ်ခု သူမရခဲ့တယ်။
အဲဒီအချိန်မှာ သူက ကိုယ်ပိုင်ကုမ္ပဏီနဲ့ စီးပွါးရေးတွေ ကြီးသထက်ကြီးအောင်
ချဲ့နေခဲ့တယ်။ သူ့ရဲ့ တတိယကုမ္ပဏီခွဲတစ်ခု ဖွင့်လှစ်ချိန်မှာ
မြို့တော်ဝန်သမီးနဲ့ သူလက်ထပ်တဲ့ဖိတ်စာကို သူမလက်ခံရရှိခဲ့တယ်။
သူ့မင်္ဂလာပွဲကို သူမ တက်ရောက်ခဲ့ပါတယ်။ သတိုးသားက ဘယ်လိုထက်မြက်ကြောင်း၊
သတိုးသမီးဖက်ကလည်း ဘယ်လောက်ချမ်းသာကြောင်း၊ နိုင်ငံခြားပြန်ဖြစ်ကြောင်း
စတဲ့ချီးမွမ်းစကားတွေ သူမကြားခဲ့ရတယ်။ ကျေနပ်အားရတဲ့
သူ့အပြုံးမျက်နှာကိုကြည့်ပြီး သူမရင်ထဲမှာလည်း အပျော်တွေကူးစက်ခဲ့တယ်။
သူ့ဘေးမှာ ရယ်မောပြုံးရွှင်နေတဲ့သတိုးသမီးဟာ သူကိုယ်တိုင်ပဲလို့
သူမခံစားမိတယ်။

အသက်(၂၆)နှစ်မှာ ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ သူမ
မင်္ဂလာဆောင်လိုက်တယ်။ သူတို့နှစ်ဦးစရင်းနှီးပြီး မင်္ဂလာဆောင်တဲ့အထိ
အချိန်နှစ်ဝက်မကြာခဲ့ဘူး။ အချိန်တိုတိုလေးအတွင်းမှာ ကိုယ်ယူမယ့်လူနဲ့
ချစ်သူဖြစ်ခဲ့၊ မဖြစ်ခဲ့ဆိုတာကိုတောင် သူမ မသိခဲ့ဘူး။ မင်္ဂလာပွဲကို
သူမရဲ့တောင်းဆိုချက်နဲ့ ရိုးရိုးလေးပဲကျင်းပပြီး ရင်းနှီးသူတချို့သာ
ဖိတ်ခဲ့တယ်။ အဲဒီည သူမအရက်တွေသောက်ခဲ့တယ်။ ပထမဆုံးအကြိမ် အရက်အများကြီး
သောက်ခဲ့မိတယ်။ မမူးပေမယ့် သူမအန်ခဲ့တယ်။ သန့်စင်ခန်းထဲမှာ
ရေမှုန်နဲ့ဝေဝါးနေတဲ့မှန်ထဲက ကိုယ့်မျက်နှာကိုကြည့်ပြီး သူမအားရပါးရ
ငိုချင်စိတ်တွေဖြစ်ခဲ့တယ်။ နောက်ဆုံးတော့လည်း မျက်နှာပေါ်က
မိတ်ကပ်တွေကိုထပ်ဖို့ပြီး ပျော်ရွှင်တဲ့သတိုးသမီးအဖြစ်နဲ့
သူမဟန်ဆောင်ခဲ့ပါတယ်။ သူမရဲ့ အနွေးထည်အိတ်ကပ်ထဲမှာတော့ အစောကြီးကတည်းက
ခေါက်နှင့်ထားပြီဖြစ်တဲ့ စက္ကူကြယ်လေးတစ်လုံးက ရှိနေခဲ့ပါတယ်။ စက္ကူပေါ်မှာ
ဒီလိုလေးရေးထားပါတယ်။

"ဒီနေ့ ငါဟာ တစ်ခြားလူရဲ့ဇနီးဖြစ်သွားခဲ့ပြီ။ ဒါပေမယ့် ငါ့ကိုယ်ငါသိတယ်။
နင့်ကိုပဲ ငါချစ်တယ်"

သူမ (၃၆)နှစ်...အေးဆေးတည်ငြိမ်တဲ့ သာမန်ဘဝတစ်ခုကို သူမဖြတ်သန်းနေတယ်။

တစ်နေ့ ဈေးမှာသူငယ်ချင်းဟောင်းတစ်ဦးနဲ့ သူမဆုံတော့ သူ့အကြောင်းကို
ပြောမိကြတယ်။ သူ့စီးပွါးရေးတွေ မအောင်မြင်တဲ့အကြောင်း၊ မိန်းမနဲ့လည်း
ကွဲသွားတဲ့အကြောင်း၊ နေ့တိုင်းလိုလို အရက်ဘား ရောက်နေကြောင်းတွေ သူမ
ကြားခဲ့ရတယ်။

ရက်အတန်ကြာ သူမလှည့်ပတ်ရှာခဲ့မှ ဘားတစ်ခုမှာ သူ့ကိုတွေ့တယ်။ သူ့ကို
သူမအပြစ်မတင်ဘူး။ ငွေစုဘဏ်စာအုပ်ပဲ သူ့ကို သူမကမ်းပေးလိုက်တယ်။
စာအုပ်ထဲမှာ သူမစုဆောင်းထားသမျှတွေရှိတယ်။

"တစ်ကနေ ရှင်ပြန်စနိုင်မယ်လို့ ကျွန်မထင်တယ်"

ကမ်းပေးတဲ့ဘဏ်စာအုပ်ကို သူဖွင့်ကြည့်လိုက်တယ်။ သူ မယုံမကြည်ဖြစ်မိတယ်။
ဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းလို့ဆိုသူတွေက သူဆီက "ငွေချေးပါ"ဆိုတဲ့
စကားကိုကြားတာနဲ့ မျက်နှာတွေအေးစက်တင်းမာပြီး တစ်ဖက်လှည့်ကုန်ကြတယ်။
သူမကတော့ သူမနာမည်ကိုတောင် သူမေ့လုလုဖြစ်နေတဲ့
ကျောင်းနေဖက်သူငယ်ချင်းဟောင်း တစ်ယောက်သာဖြစ်တယ်။ ဒါတောင် သူ့အပေါ်
ဒီလောက်ရက်ရောနိုင်ခဲ့တယ်။

"သူငယ်ချင်းဆိုတာ တစ်ယောက်အပေါ်တစ်ယောက် ကူညီရိုင်းပင်းသင့်တယ် မဟုတ်လား?"
အပြုံးမျက်နှာနဲ့ သူမဆိုတယ်။

ညရောက်တော့ အဲဒီအဖြစ်အပျက်ကို သူမရဲ့ခင်ပွန်းသိသွားခဲ့တယ်။
ခပ်ပြင်းပြင်းလက်ဝါးစောင်းတစ်ခုနဲ့ အော်ငေါက်သံတချို့ သူမအပေါ်
ကျရောက်လာခဲ့တယ်။

"မပြောမဆိုနဲ့ ဒီလောက်များတဲ့ငွေကို ပေးလိုက်ရသလား? သူနဲ့မင်း ရိုးသားရဲ့လား?"

လက်ဝါးဒဏ်ကြောင့် သူမကြမ်းပြင်ပေါ် ပစ်လဲကျသွားတယ်။ မျက်ရည်တစ်စက်မှ
မကျမိသလို ခင်ပွန်းရဲ့အမေးကိုလည်း သူမ ပြန်မဖြေခဲ့ဘူး။ သူ့ကို
သူမချစ်တယ်လို့ ဘယ်သူ့ဆီမှ သူမဝန်မခံခဲ့ဖူးသလို သူတို့နှစ်ယောက်
ချစ်နေကြတယ်လို့ တစ်ခြားလူတွေ ထင်မြင်ဆုံးဖြတ်တာကိုလည်း သူမ
မလိုလားခဲ့ဘူး။

သူမ အသက်(၄ဝ)

အဲဒီနှစ်မှာ အောင်မြင်တဲ့ကုမ္ပဏီတွေထဲမှာ သူ့ကုမ္ပဏီလည်းပါခဲ့တယ်။ အဲဒီညက
ချေးငွေတွေနဲ့ သူ့ကုမ္ပဏီရဲ့ ရှယ်ယာ၁ဝ% လွဲပေးစာနဲ့အတူ သူမဆီ
သူရောက်လာခဲ့တယ်။ သူမရဲ့ ခင်ပွန်းက ပြုံးပြုံးရယ်ရယ်နဲ့ "ဒီလောက်ထိ
အားနာစရာမလိုပါဘူးဗျာ... မိတ်ဆွေသူငယ်ချင်းဆိုတာ အချင်းချင်း
ကူညီကြဖို့ပဲ"လို့ ပြောဆိုနေပေမယ့် လက်က လွဲစာပေါ်မှာ လက်မှတ်ထိုးနေပါတယ်။
သူမ ဘာမှဝင်မပြောခဲ့ဘူး။ "ထမင်းစားပြီးမှ ပြန်ပါလား" လို့ပဲပြောခဲ့တယ်။
ကျေးဇူးရှင်က ထမင်းဖိတ်ကျွေးပြီဆိုမှတော့ သူ့မှာငြင်းဆန်ဖို့
ဆင်ခြေရှာမရခဲ့ဘူး။

စားပွဲပေါ်က ဟင်းတွေကိုကြည့်ပြီး သူအံ့သြမိတယ်။ ထမင်းဝိုင်းမှာ
သူအရမ်းနှစ်သက်တဲ့ဟင်းတချို့ ပါနေတယ်။ သူခေါင်းမော့ပြီး
သူမကိုကြည့်လိုက်မိတယ်။ သူမက နဂိုအေးဆေးတည်ငြိမ်တဲ့မျက်နှာနဲ
ခင်ပွန်းကို ဟင်းတွေ ခူးခပ်ထည့်ပေးနေခဲ့တယ်။ အကြည့်ကိုရုပ်သိမ်းပြီး
သူအတွေးများသွားတာဖြစ်မယ်လို့ သူထင်မိတယ်။

ပြန်ခါနီး အင်္ကျီအိတ်ထဲကနေ ဖိတ်စာတစ်စောင်ကို ထုတ်ပြီး "အဲဒီအချိန်ကျရင်
နှစ်ယောက်စလုံးလာခဲ့ပါနော်" လို့ သူရယ်ကျဲကျဲပြောခဲ့တယ်။
ကုမ္ပဏီခွဲဖွင့်ပွဲဖြစ်မယ်လို့ ထင်ပြီး ဖိတ်စာကိုယူပြီး သူမဖွင့်မကြည့်ဘဲ
ဆိုဖာပေါ် လှမ်းတင်လိုက်တယ်။ သူ့ကိုအိမ်ပေါက်ဝထိ လိုက်ပို့နှုတ်ဆက်ပြီး
မီးဖိုထဲမှာ သူမ ပန်းကန်တွေဆေးနေခဲ့တယ်။ ရုတ်တရက် ခင်ပွန်းဆီကနေ
အော်ပြောသံတစ်ခုကို သူမကြားလိုက်မိတယ်။

"လူတွေက ပိုက်ဆံလေးရှိတာနဲ့ ဗွေရှုပ်တော့တာပဲဆိုတဲ့စကားက သိပ်မှန်တာပဲ။
ကြည့်စမ်း... မင်းရဲ့သူငယ်ချင်းဟောင်းကြီး ဘယ်လောက်မြန်သလဲ!
နောက်မိန်းမယူတော့မယ်တဲ့"

ပန်းကန်ဆေးနေရာက သူမလက် ဆတ်ခနဲ့ဖြစ်သွားတယ်။ ပဲ့နေတဲ့ပန်းကန်အနားက
သူမလက်ကို တိခနဲ့ရှလိုက်တယ်။ ရှမိတဲ့နေရာကနေ သွေးတွေ
တစ်စက်ချင်းစီးကျလာတယ်။ တဖြည်းဖြည်း နီလာတဲ့ရေတွေကိုကြည့်ပြီး
လွန်ခဲ့တဲ့(၁၅)နှစ်တုန်းက သူ့ဘေးမှာပြုံးရွှင်ပြီး ရယ်မောနေတဲ့
သတိုးသမီးရဲ့ဝတ်စုံကို သူမမြင်ယောင်လာမိတယ်။ အဲဒီတုန်းက
သတိုးသမီးဝတ်ထားတာ ဒီအရောင်ပဲ မဟုတ်လား!

သူမ အသက်(၅၅)နှစ်
တစ်နေ့ အိမ်မှာနေရင်း သူမ ရုတ်တရက်မူးလဲသွားတယ်။ ဆေးရုံပို့စစ်ဆေးတော့
ဆရာဝန်က သုန်မှုန်တဲ့မျက်နှာနဲ့ တစ်ခုခုကိုပြောဖို့ ခင်ပွန်းကို
အခန်းထဲကခေါ်ထုတ်တယ်။ သူမ အဲဒီလောက်ထိ မထုံအခဲ့ပါဘူး။ ဆရာဝန်ကို
လှမ်းခေါ်ပြီး သူမတိုက်ရိုက်မေးခဲ့တယ်။

"ကျွန်မ ဘယ်နှစ်ရက် အသက်ရှင်နိုင်ဦးမလဲ?"

(၃)လတဲ့! လူ့ဘဝက ပြဇာတ်ဆန်လွန်းခဲ့တယ်။ ဆေးရုံဆက်တက်ဖို့
သူမငြင်းဆန်ခဲ့တယ်။ အိမ်ပြန်ပြီး နောင်ရေးအတွက် လုပ်စရာရှိတာကို
သူမလုပ်ခဲ့တယ်။ သက်တမ်းတစ်ဝက်လောက် ရှင်သန်ခဲ့တဲ့အတွက် မှာစရာတွေကလည်း
သူမမှာများခဲ့တယ်။ သတင်းကြားတဲ့ သူငယ်ချင်း၊ မိတ်ဆွေဟောင်းတွေ သူမကို
နောက်ဆုံးတစ်ကြိမ်အနေနဲ့ လာကြည့်ကြတယ်။ သူက နောက်ဆုံးမှ ရောက်လာခဲ့သူပါ။
ကုတင်ပေါ်မှာ လဲလျောင်းပြီး သူမမှိန်းမောနေခဲ့တယ်။ ဒါပေမယ့် သူ့လက်ထဲက
စက္ကူကြယ်တစ်ပွင့်ကိုတွေ့တော့ သူမချက်ချင်းနိုးထလာခဲ့တယ်။

"ဒီစက္ကူကြယ်က ကျွန်မအတွက်လား?"

သူ့လက်ထဲက စက္ကူကြယ်ကိုထိုးပြပြီး မျက်နှာပေါ်က အပြုံးတစနဲ့ သူမမေးတယ်။

"ဟို.. ဟို.. အော်... ဟုတ်.. ဟုတ်ပါတယ်။ ခင်ဗျားအတွက် ကျွန်တော်ယူခဲ့တာပါ"

တကယ်တော့ အဲဒီကြယ်ပွင့်က သူလေယာဉ်ကွင်းကအထွက်
အလှူခံနေတဲ့ကြက်ခြေနီအသင်းနဲ့ တိုးခဲ့လို့ ရခဲ့တဲ့ကြယ်လေးဖြစ်တယ်။
သူမကိုတွေ့ဖို့ပဲ သူစိတ်လောနေခဲ့လို့ အလှူငွေထည့်ပြီး တစ်ဖက်က
ကမ်းပေးလိုက်တဲ့အရာကို မကြည့်ဘဲ ကတိုက်ကရိုက်ယူပြီး သူမဆီ
သူအပြေးလာခဲ့တာဖြစ်တယ်။ လောနေလို့ လက်မှာဆုပ်ကိုင်ထားတဲ့အရာကို
သူသတိမရခဲ့မိဘူး။

ကြယ်ကိုလှမ်းယူပြီး ရင်ဘတ်ပေါ် သူမတင်ထားလိုက်တယ်။ ပြီးတော့ ဘေးစားပွဲပေါ်
သူမလက်ညှိုးထိုးပြလိုက်တယ်။ စားပွဲပေါ်မှာလည်း ခေါက်ပြီးသား
စက္ကူကြယ်တစ်ပွင့်ရှိနေခဲ့တယ်။ အဲဒီကြယ်ကို အချိန်တစ်နာရီယူပြီး
သူမခေါက်ခဲ့ရတယ်။

"အရင် ကျွန်မနေခဲ့တဲ့အိမ်မှာ ကြယ်လေးတွေ(၃၉)ပုလင်းရှိတယ်။ ကျွန်မကို
မီးသဂြိင်္ုလ်တဲ့အခါ ဒီကြယ်နှစ်ပွင့်နဲ့ အဲဒီကြယ်လေးတွေကို
ကျွန်မနဲ့အတူသဂြိင်္ုလ်ပေးပါနော်" ခပ်တိုးတိုးလေးပြောရင်း သူမမျက်လုံးတွေ
မှိတ်ကျသွားခဲ့တယ်။

သူမရဲ့တောင်းဆိုချက်ကို သူခေါင်းညိတ်မပြနိုင်ခင် သူမက ငြိမ်ငြိမ်သက်သက်
ထွက်သွားခဲ့ပါပြီ။

သူမကိုသဂြိင်္ုလ်တဲ့ရက်မှာ သူမပြောခဲ့တဲ့အတိုင်း ကြယ်(၃၉)ပုလင်းလုံး
သူမနဲ့အတူ မီးရှို့ပေးခဲ့တယ်။ ပုလင်းထဲကနေ ကြယ်ကလေးတွေ ပြေးလွှားခုန်ပေါက်
ထွက်ကျလာခဲ့တယ်။ မီးရှို့ပြီး သူလှည့်အထွက်မှာ မြေကြီးပေါ်ကျနေတဲ့
ကြယ်လေးနှစ်လုံးကို တွေ့လိုက်တယ်။ ကောက်ယူပြီး မီးထဲပစ်ထည့်ဟန်ပြင်ပြီးမှ
သူမနဲ့ပတ်သက်တဲ့ အမှတ်တရအဖြစ် သိမ်းထားဖို့ သူယူထားလိုက်မိတယ်။

သူအသက်(၇ဝ)

မျက်မှန်ထူကြီးတပ်ပြီး ပန်းခြံမှာသူစာဖတ်နေတယ်။ (၄)နှစ်အရွယ် မြေးမလေးက
စက္ကူစနှစ်ရွက်ယူပြီး သူ့ဆီပြေးလာတယ်။

"ဘိုးဘိုး.. ဘိုးဘိုး... သမီးကို စာဖတ်ပြပါ"

မျက်မှန်ကို တစ်ချက်ပင့်တင်ရင်း ပထမစက္ကူပေါ်ကစာကို သူဖတ်လိုက်တယ်။

"အောင်... ဒီနေ့ဝတ်ထားတဲ့ အပြာရောင်အားကစားဝတ်စုံက နင်နဲ့အရမ်းလိုက်တယ်။
နောက်ပြီး ငါလည်းနံပါတ်(၉)ဂဏန်းကို ကြိုက်တယ်သိလား!"

သူ မျက်မှောင်တစ်ချက်ကျုံ့သွားပြီး မြေးမလေးကို မေးတယ်။

"ဒီစက္ကူတွေ ဘယ်ကရတာလဲ?"

"ဒါ စက္ကူတွေမဟုတ်ဘူး ဘိုးဘိုး... စာကြည့်စားပွဲပေါ်မှာ ဘိုးဘိုးတင်ထားတဲ့
ကြယ်လေးနှစ်ပွင့်ကို သမီးဖြည်ကြည့်လိုက်တော့ အထဲမှာ စာရေးထားတာတွေ့တယ်
ဘိုးဘိုး"

သူတစ်ချက် မင်သက်သွားပြီး ဒုတိယစက္ကူကို ကပျာကယာကြည့်လိုက်တယ်။

"အောင်... ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို
ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါပဲ"


"ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့
တစ်သက်လုံးချစ်နေတာပါပဲ" အဖန်တလဲလဲ တီးတိုးရွတ်ဖတ်ရင်း သူ့ပါးပြင်ထက်
မျက်ရည်တွေ အဆက်မပြတ် စီးကျလို့လာခဲ့တော့တယ်။


ပြီးပါပြီ

��
3/16/2010 | Posted in





Josie Romero ဟာ အပန်းရောင်ကို နှစ်သက်ပြီး ကျစ်ဆံမီးကျစ်ကာ လက်သဲနီဆိုးထားပါတယ်။ မွေးကတည်းက ဒါမျိုးတော့မဟုတ် ပါဘူး
အသက်ရှစ်နှစ်အရွယ်ရောက်မှ မိန်းခလေးဖြစ်သွားခဲ့တာ။ မွေးစကတော့ ယောက်ျားလေး

တစ်ယောက်ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူမရဲ့နာမည်ဟာ ဂျိုးဇက် ဖြစ်ပါတယ်။

သူအသက်လေးနှစ်အရွယ်ကတည်းက လိင်အင်္ဂါ ကမှားနေတယ် သူဟာ မိန်းခလေးတစ်ယောက်လို့

သူမိဘတွေကိုပြောပါတယ်။ အသက်ငါးနှစ်အရွယ်ကို

ရောက်လာချိန်မှာတော့ ဆံပင်ညှပ်ဖို့ကိုလည်း ငြင်းဆန်လာပြီး

အဝတ်အစာတွေဆိုရင်လည်း အပန်းရောင်ရှိတဲ့ အဝတ်အစားတွေကို

ဘဲ ဝတ်ပါတော့တယ်။ အသက်ခြောက်နှစ်အရွယ်မှာတော့ ဂျိုးဇက်ဟာ

လိင်အင်္ဂါပြောင်းလဲမှု့စတင်ခဲ့ပါ။ အသက် ၄၂ ရှိပြီဖြစ်တဲ့ သူ့အမေ Venessia က

"ဂျိုးဇက်ထံမှာ အရုပ်ခလေးတစ်ရုပ်ရှိပါတယ်။ အဲ့ဒီအရုပ်က

ယောက်ျားလေးပုံအရုပ်လေးဖြစ်ပါတယ်။








ယောက်ျားဘဝတုန်းက အကိုနဲ့ မွေးစားညီမ








ဂျိုးဇက်ဟာထို ယောက်ျားလေးအရုပ်ကို မိန်းခလေးပုံစံမျိုးဖြစ်အောင်း

အမြဲတမ်းပြုလုပ်ပါတယ်။ သူစကားပြောတတ်တဲ့အချိန် ကနေစပြီးတော့

သူဟာမိန်းခလေးတစ်ယောက်ဖြစ်ကြောင်းကို တဖွဖွ ပြောတော့တာဘဲ။ ကျွန်မတို့ကတော့

မင်းဟာ မိန်းခလေးမဟုတ်ဘူး ယောက်ျားလေးဘဲဖြစ်တယ်လို့ အမြဲပြန်ပြောခဲ့ပါတယ်။

အသက် ၄ နှစ်အရွယ်မှာ တော့ သူဟာ ကျွန်မဟာယောက်ျားလေးမဟုတ်ဘူး တကယ့်ကို

မိန်းခလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို ဇွတ်ကိုပြောလာပါတော့တယ်။ သူ့ကို စပြီး

အပြင်မှာ လွတ်ကစားခိုင်းတော့ သူ့ကို ယောက်ျားလေးလို့

ပြောတဲ့သူမှန်သမျှကိုလည်း မဟုတ်ဘူး ကျွန်မက မိန်းခလေးဆိုပြီး ပြောသမျှကို

တုန့်ပြန်ခဲ့တယ်။






စပြီးခြောက်လာပြီ ဟဲဟဲ
ဆက်လက်ပြီး Venessia က ဂျိုစီ (ဂျိုးဇက်မှဂျိုစီ) အသက် လေးနှစ်ရောက်တဲ့
အချိန်မှာ ကျွန်မတို့ အသက်နှစ်နှစ်အရွယ် တရုတ်မလေးယောက်ကို

မွေးစားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မတို့ဟာ ဂျပန်

နိုင်ငံမှာဖြစ်ပါတယ်။ ပထမတော့ ကျွန်မတို့ က ဂျိုစီက သူညီမအသစ်ကို

မနာလိုမှစိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ဂျိုစီဟာ သူညီမလေး အသစ်တစ်ယောက်ရတာ

အလွန်ပျော်ရွင်ခဲ့တယ်။ သူတို့ဟာ အတူတူ ပျော်ရွင်စွာကစားကြသလို အထူးသဖြင့်

မိန်းခလေးပုံ အရုပ်များနှင့်ပိုပြီး ကစားတာတွေ့ရပါတယ်။

ပထမတော့ကျွန်မတို့မသိကြသေးဘူး နောက်ပိုင်းမှာတော့ ကျမသိခဲ့တာ ကျွန်မတိုမှာ

အခြောက်လေးတစ်ယောက်ရှိနေခဲ့တာဘဲဖြစ်ပါတယ်။ သူ့ကိုကြည့်ရတာ

ယောက်ျားနဲ့လဲတူတယ် မိန်းခလေးနဲ့လည်းတူနေတယ် အဲ့ဒီအချိန်က ဂျိုစီ ၅

နှစ်အရွယ်ပေါ့။ နောက်တော့ခလေးအထူးကုနဲ့ ပြကြည့်တယ် နောက်ဆုံးတော့ သူက

ကျွန်မကို transgender ဆိုတဲ့စကားလုံးကိုရှာကြည့်လို့ပြောလိုက်တယ်။ ကျွန်မ

ဆေးပညာနဲ့ ပါတ်သက်တဲ့ ဆိုဒ် တစ်ခုကို ရှာကြည့်တယ် မတွေ့ဘူး နောက်တော့

Transgender Youth Family Allies ဆိုတဲ့ ဆိုဒ်တစ်ခုကို သွားတွေ့တယ်

အဲ့ဒီမှာ ခလေးတစ်ရာလောက်က ဂျီုစီလို ဖြစ်တာမျိုးကို သွားတွေ့ခဲ့တယ်။

ဒါနဲ့ဘဲ ကျွန်မ မိန်းခလေးအဝတ်အစားတချို့ ဝယ်ပြီး သူအဝတ်ဘီရိုထဲကို

နှစ်ခြမ်းခွဲပြီး ထဲ့ပေးလိုက်တယ် တခြမ်းကတော့ ယောက်ကျားလေးအဝတ်အစားတွေပေါ့။

မနက်ကတော့ သူမကိုရွေးပြီးဝတ်ခိုင်းတော့ မိန်းခလေးအဝတ်တွေကိုဘဲ

ယူဝတ်တော့တယ်။ အထူးကုဆရာဝန်ကတော့ သူဟာ လိင်ပြောင်းသွားပြီ

လို့အတည်ပြုခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဂျိုစီကို

ကျွန်မတို့မိန်းခလေးအဖြစ် စပြီးလက်ခံလိုက်ရတယ်။ ကျွန်မယောက်ျားကတော့

သားတစ်ယောက် ဆုံးရှုံးသွားတဲ့ ခံစားမှု့မျိုးခံစားခဲ့ရတယ်။

ခင်ပွန်သယ်ဖြစ်သူက ပထမတော့လုံးဝလက်မခံနိုင်ဘူး

ကျွန်တော်သားတစ်ယောက်ဆုံးရှုံးလိုက်ရလို့

အရမ်းဝမ်းနည်းခဲ့တယ်လို့ပြောခဲ့ပါတယ်။ ဂျိုးစီ ဟာ အသက် ၁၂

နှစ်အရွယ်ရောက်လာရင် အမျိုးသမီးဟော်မုန်းများထွက်လာမှာဖြစ်တဲ့အတွက်

လုံးလုံး မိန်းမတစ်ယောက်အဖြစ်သို့ ရောက်သွားဖို့ အတွက်

ခွဲစိတ်ကုသရအုံးမှာဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ကုသရမယ်ဆိုတာကိုလဲ

ဂျိုးစီတစ်ယောက် နားလည်ပြီးသားဖြစ်ပါတယ်။ သူမရဲ့ကိစ္စနဲ့ပါတ်သက်ပြီး Boston

ခလေးဆေးရုံက ဆရာဝန် Norman Spack လက်ထဲ လွဲအပ်ထားပြီးဖြစ်ပါတယ်။






ညီမနှစ်ယောက်ဖြစ်သွားပြီ


ဂျိုးစီးကတော့ ကျွန်မမိန်းခလေး တစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးသိသွားတဲ့

အတွက်အရမ်းပျော်ပါတယ်လို့ ပြောပါတယ်။ အခုဆိုရင် ဂျိုစီဟာ မီးဖို့ဂျောင်မှာ

မုန့်ဖုတ်ခြင်း ဟင်းချက်ခြင်း အလုပ်များကို စတင်လုပ်နေပြီဖြစ်သလို

ဆံပင်အရှည်ထားက နားကပ်လည်းပန်နေပြီဖြစ်ပါတယ်။ အခုဆိုရင်ဖြင့်

သူတို့မိသားစုလေးဟာ Arizona ပြည်နယ်ကိုသွားပြီး တရားဝင် ဂျိုစီဟာ

မိန်းခလေးတစ်ယောက်ဖြစ်ကြောင်းကို လက်ခံဖို့ သွားရအုံးမှာဖြစ်ပါတယ်။ သူရဲ့

ပက်စ်ပိုစ့် မွေးစာရင်း လူမှု့ရေးနှင့်ဆိုင်တဲ့ နာမ်ပါတ်

တွေကိုပြောင်းရတော့မှာပါတယ်။ ၈နှစ်သမီး အရွယ်မိန်းခလေးဟာ

လိင်င်္ဂါပြောင်းတာကို စောင့်ကြည့်ဖို့ကတော့ အောက်တိုဘာ ၁၉ရက် တနင်္လာနေ့

မွန်းလွဲ ၉ နာရီအချိန်မှာ Channel 4 မှာ ပြသမည်ဖြစ်ပါတယ်။

Category:
��
3/16/2010 | Posted in
ကိုသံလုံငယ်စီကနေ ရတာဗျ။ ခေါင်းစဉ်ကြည့်တာနဲ့စိတ်ဝင်စားမယ်ထင်တယ်ဗျ။
မကောင်းမှု အားပေးတာတော့ မဟုတ်ပါဘူးဗျာ … အားလုံးလဲ စိတ်ဝင်စားနေကြတာပဲ
။ ဘာပဲဖြစ်ဖြစ်လုပ်ဘူးတယ် ရှိတာပေါ့။ အောက်က ဗီဒီယိုကို

အရင်ကြည့်လိုက်ပါဦး။ ပြီးမှာ ဒေါင်းလုပ်ချပေါ့ ။ ဘယ်လို သုံးလဲ

သိသွားရအောင် … အရမ်းလွယ်တယ်နော် ။ ဒါပေမယ့် အထင်တော့ မသေးလိုက်နဲ့ ….း)

နည်းပညာဆိုတာ လေ့လာသင်မယူ မကုန်နိုင်သော … သောက်လို့မကုန်နိုင်သော (ဘယ်သူမှမသောက်တာလည်းပါတယ်) ပင်လယ်ရေ ပါလေ ……




Download Link :

http://www.mediafire.com/?kdy5jwgfzyj
��
3/16/2010 | Posted in

ကျွှန်တော်လည်း ဘာရယ်တော့မဟုတ်ပါဘူး။ ဒီကနေ တွေ့လာတာဗျ။ မနက်ဘက်အားနေတော့ဘာမှလုပ်စရာမရှိတာနဲ့။ သီချင်းနားထောင်ချင်လို့လေ။ ဖွင့်ကြည့်လိုက်တာ



သင်္ကြန်နီးလာပြီဆိုတော့ အမှတ်တရအနေနဲ့ 1990 လောက်တုန်းက ခေတ်စားခဲ့တဲ့ Dance သီချင်းလေးတွေကို စုစည်းထားတဲ့ Playlist တခုပါ။


1 ) Barbie Girl – Aqua


2) Happy Boys And Happy Girls – Aqua


3) Dr Jones – Aqua


4) Doo Dah – Cartoons


5) Witch Doctor – Cartoons


6) Calcutta – Dr.Bombay


7) My Sitar – Dr.Bombay


8 ) Doh Wah Diddy – Fun Factory


9) Be My Lover – La Bouche



10) Co Co Jumbo – Mr.President


11) Where Do You Go – No Mercy


12) Oh Le Le – Pizza Boys


13) Sha La La Long – Solid Base


14) This Is How We Do It – Solid Base


15) Tarzan And Jane – Toy Box


16) Best Friend – Toy Box


17) We Like To Party – Venga Boys


18) Boom Boom Boom Boom – Venga Boys






တိုက်ရိုက်နားထောင်ချင်တယ်ဆိုရင်တော့

MYMC



Download Link

Media Fire





အားလုံးပဲအဆင်ပြေပါစေဗျာ။

3/16/2010 | Posted in
သူ့သီချင်းတွေ အကုန်လုံးနီးပါး ပါပဲ။ အကိုတို့ ၊အမတို့ဆီမှာ ရှိသေးတယ်ဆိုရင်လည်း
တင်ပေးကြပါလို့ မေတ္တာ ရပ်ခံပါတယ်။ ကျွှန်တော်လည်း ရှာလို့တွေ့ရင် ထပ်တင်ပေးပါမယ်။

အောက်မှာယူလိုက်နော်.
BUNNY PHYO



BAD GIRL



မချစ်လို့မှမဟုတ်တာ။



ပေးထားတဲ့ လင့်အားလုံးကိုယူသွားပါနော်။

လင့်တစ်ခုနဲ့ တစ်ခုသီချင်းတွေမတူပါဘူး။



အောက်ကဟာတွေကတော့ သီချင်းစာသားတွေပါ။



BAD GIRL



ချစ်တယ်ဟုတ်



နှစ်ပတ်လည်



ဟိုအရင်လို (REMIX)







မချစ်လို့မှမဟုတ်တာ





Cho:ပြန်မြင်ယောင်တယ် အတိတ်ကနေ့ရက်များ

ပြောရွှင်စရာတွေရှိခဲ့တဲ့ အချိန်များ

တခါတလေဆို လွမ်းမိတိုင်းငါ စဉ်းစားမိတာက

မချစ်လို့မှမဟုတ်တာ

ရင်ခုန်သံတွေ အစွန်းရောက်သွားတာလား

ပုံပြင်တွေလို အဆုံးသတ်သွားတာလား

ဒီရင်ခွင်ကမင်းထွက်သွားတာ ကြာ

ပြန်ဆုံဖို့လုံးဝမဖြစ်နိုင်ပါ……..)



ပေးဆပ်မှု အသွားတိုင်းမှာ ပဲ့တင်သံလို အပြန်ရှိတယ်

ဘယ်လောက်ချစ်ခဲ့မှန်းလဲပဲ ငါ့ကိုငါပဲအမှန်သိတယ်

မယုံရင်လဲငါ့ရင်ဘက်သာ မြေလှန်ကြည့်လှည့်

အဲဒိတော့မှ အဖြေမှန်သိမယ်

နောက်ဆုံးတော့လဲ ငါ့နှလုံးသားပဲငါဂူသွင်းသဂြိင်္ုလ်လို့

ငါဆိုတဲ့ကောင်က မင်းအတွက်တော့အပိုမို့

မလိုလို့ထားမယ်ဆိုလဲ ရတယ် ဘဝထဲ ခဏပဲ

အလည်လာပြီးပြန်ထွက် သွားတယ်

မှတ်မိအုံးမလား သင်္ကြန်ရက်များလဲ

ငါ့ရင်ကိုနင်စုန်ကန် ထွက်သွားလဲ

မင်းအတွက်နေရာ၁နေရာ ချန်လျက်ထားဆဲ

နှလုံးသားကိုတခါးခေါက်ပြီးမှ အေး….ပြန်ထွက်မသွားနဲ့



cho:()



နေချင်ခဲ့တာအမြဲတမ်းပဲနင့်အနားမှာ မထင်ထားတာ

ဇာတ်လမ်းကဒီလိုနဲ့ပဲပြီးသွားမယ်လို့

မင်းနဲ့ငါနှစ်ယောက်ကြား ဘာသာရေးလဲစည်းခြားနေလို့

ခရစ်ယာန် နဲ့ Buddha ဘာသာ အစကတည်းက အနှုတ်ပြလာတာ

မေ့ရက်နိုင်ပြီပေါ့ ဆင်ဆာမဲ့အနမ်းအငွေ့အသက်များကိုလဲ

မင်းကိုက်ဖူးတဲ့ ငါ့နှုတ်ခမ်းပေါ်က သွေးစက်များလိုပဲ

ခမ်းခြောက်သွားမှာလား

မင်းကလွဲလို့ဘယ်သူမှမလွမ်းလောက်ငါ့ကမ္ဘာ မှာ

မင်းတစ်ယောက်သာ ကမ္ဘာထင် မင်းကိုသာအရူးအမူး

အလျှော့ပေးပြီး ရှုံးခဲ့တာ နှလုံးသားတစ်ခုလုံးပေးပြီးသားပဲ

လိုရာယူသုံးလှည့်ပါ



Cho()



အခုတော့အရာအားလုံး တစ်ခန်းရပ်ခဲ့ပြီ

ဇာတ်မသိမ်းချင်ပါ ခုလို အလွမ်းဇာတ်နဲ့ကြီး

အခန်းဆက်မဲ့နေ့ကို စောင့်နေသူတစ်ယောက်တော့ရှိပါသည်

ငါ့ဘက်ကမမေ့နိုင်တာလဲ အသိသာကြီး

ဘယ်သွားသွားမင်းကိုပဲ မြင်မြင်နေမိတယ်

မဆင်မခြင်နေမိတဲ့ငါ့ရဲ့ အပြစ်တွေကြောင့်လား

ဒါမှမဟုတ် ငါပြောမိတဲ့စကားတွေကြောင့်လား

သေချာတာတစ်ခုက ကံကြမ္မာရဲ့ အမှားတွေကြောင့်ပါ

ဝေးသွားပြီဆိုတာကို လက်မခံနိုင်ငြင်းမိနေလို့

ကျိန်တွယ်ကာပြောရဲတယ် ငါချစ်တာမင်းတစ်ယောက်ထဲပါ

မင်းသိစေဖို့…
3/15/2010 | Posted in
ဒါကတော့ အေသင်ချိုဆွေရဲ့ အယ်ဘမ်ပါ။ လိုချင်တဲ့လူတွေ အတွ့က်တင်ပေးလိုက်တာပါ။
ရှိပြီသားလူတွေကလည်း သီချင်းအသစ်တွေ ထပ်ရှာပေးပါဦးလို့မေတ္တာရပ်ခံပါတယ်


Media Fire

ifile.it
3/15/2010 | Posted in
ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ဒီကောင်မင်းသားလေး ရူးများရူးသွားပြီလားလို့တော့မထင်ပါနဲ့နော်။

မယုံရင် ယခုဖြေနေတဲ့ 10တန်းကျောင်းသားတွေကိုကြည့်ဗျ။ သူတို့မှာဆို နေ့ရောညပါမအိပ်ပဲနဲ့
စာတွေကျက်လိုက်ရတာ မျက်တွင်းတွေဟောက်လို့..။ 10တန်းကျောင်းသားမှမဟုတ်ပါဘူးဗျာ။
ဘယ်နှတန်းပဲဖြစ်ဖြစ်ပါ။ စာကျက်ရင် ဦးနှောက်ကိုအသုံးပြုရတော့ဗျာ ကြာလာရင် မှတ်ဥာဏ်အားနည်းလာမယ်။
မျက်လုံး တွေကိုက်လာမယ်။ပြီးရင် မျက်မှန်တွေတောင်တပ်ရတယ်ဗျ။ ကျွှန်တော်ပြောတာမယုံရင်
စာကျက်ကြည့်ပါ :D အဲလိုစာကျက်ရင် ထိုင်နေရတော့ ကြာရင်အကြောတွေလေးလာမယ်။
အိပ်ရေးလည်းပျက်ထားတဲ့အရှိန်ကြောင့် လူကနုံးနေမယ်။ ခေါင်းတွေကလည်းကိုက်နေမယ်။
အဲလိုအိပ်ငိုက်မှာဆိုးလို့ သောက်ထားတဲ့ကော်ဖီဆိုးကျိုးကြောင့် ပိုဆိုးတာဗျ။
မအိပ်ငိုက်အောင်ကော်ဖီသောက်ပြီးစာကျက်လေ လူ့ကျန်းမာရေးကိုပိုထိခိုက်လေပဲလေ။
ကျွှန်တော်အခုပြောတာဆရာဝန်ပုံစံခိုးပြီးပြောနေတာတော့မဟုတ်ပါဘူး။
မကျက်ချင်တဲ့စာတွေကိုအတင်းကျက်ခိုင်းနေတော့ ကျောင်းသာတွေက စာမရပဲ ကျန်းမာရေးထိခိုက်တဲ့အကြောင်းကို
ပြောပြနေတာပါ။ ကျွှန်တော်ကိုယ်တိုင် 10တန်းမရောက်သေးလို့ပြောနေတာတော့မဟုတ်ပါဘူး။
10တန်းအကိုကြီးတွေ အမကြီးတွေကိုလည်း လေ့လာကြည့်ပါတယ်။
သူတို့လည်းမကျက်ချင်ကြဘူးဗျ။ တချို့အကို ကြီးတွေဆိုရင် စာမေးပွဲရက်မှာတောင် game ဆော့
ချက်တင်ထိုင်နေကြတုန်း။ စာမကျက်ဘူးလားလို့ ကျွှန်တော်က မေးကြည့်တော့
မကျက်ချင်တဲ့ စာကို ကျက်နေမှတော့ စာမရတဲ့အပြင် ကျန်းမာေ၇းကိုပါထိခိုက်စေတယ်တဲ့ဗျာ။

ကျွှန်တော်လည်းသူတို့ပြောတာမှန်မယ်လို့ထင်တယ်ဗျ။ စာတော်တဲ့ကျောင်းသူတစ်ယောက်ကိုလည်း
ကျွှန်တော်မေးကြည့်ပါသေးတယ်။ဘယ်အချိန်စာကျက်လဲလို့ပေါ့လေ။
မီးလာရင် Chatting ထိုင်တယ် မီးမလာ၇င် အိပ်တယ်တဲ့ :D
ကျွှန်တော်လည်းအဲမှာတင်ကြောင်ပြီးဘာမှ မပြောတတ်တော့ဝူးဗျ။

အော် ဒီပို့စ်ကိုဖတ်ပြီးရင် ဖြောင်းဖြောင်းဖြောင်း (ကို့ဘာသာပဲတီးနေရတာ လက်တောင်နာတယ် ဟင့် ...)
ဆိုပြီးအားပေးသွားပါဦးနော်။
3/15/2010 | Posted in
။ငါ မဟုတ်ပဲ

စကားလုံးတိုင်း အမှန်ပါပဲ
ဒါပေမယ့် ငါ တောင်းပန်ပါတယ်
မတူညီတဲ့ အစွန်း နှစ်ဖက် က ငါ တို့ နှစ်ဦးကို
ဆွဲငင်နေတာ မင်းနားလည်လာမှာပါ
မင်းမျက်လုံးနဲ့  ယုံကြည်ပေးပါ.....

ငါတို့ ရင်ဆိုင်ကျော်ဖြတ်နိုင်ပါတယ်
ဒါပေမယ့် နောက်သို့ ပဲ ပြန်လည့် ကြမယ်
မနာကျင်စေမယ့် နောက်သို့ ပဲ ပြန်လည့် ကြမယ်
အချစ်မ၇ှိ တဲ့ နောက်သို့ ပဲ ပြန်လည့် ကြမယ်
ငါတို့ တွေ မောပန်းခဲ့ ပြီ.....
နောက် ထပ်ပြီး မခေါ်ပါနဲ့ တော့ 

နောင်တချိန် ဖြစ်နိုင်ပေမယ့် ...အခုတော့ 

မင်းရဲ့ လက်မှာ ငါမဟုတ်ပဲ
ငါ့ရဲ့ နှုတ်ခမ်းမှာ မင်းမဟုတ်ပဲ
ငါတို့ နှစ်ယောက်ရဲ့ အိမ်မက်တွေ မ၇ှိတော့ ပဲ
ကောင်းကင်ကြီးမှ ပေးခဲ့ တဲ့ အရာအားလုံး
ကောင်းကင်ကြီးသို့  ပြန်ပေးလိုက်တော့ မယ်......
------------------------------
---------------------------------------------
2။လေလှိုင်းအချစ်........

ဟယ်လို´
`ဟယ်လို ဝေနဲ့တွေ့ချင်လို့ပါရှင်´
`ဘယ်က ဝေလဲဗျ ဖုန်းမှားနေတယ်ထင်တယ်´
`ဟာ ဒါဆို sorry နော်´
`ရပါတယ်ဗျာ´
...........ဖုန်းချပြီးမကြာခင်.......`ဘယ်ကဖုန်းလဲ ကိုကို´
`မသိပါဘူးကွာ ဖုန်းမှားဝင်လာတာပါ´
`ကောင်မလေးလား´
`အင်း.......ညီညီမင်းဇာတ်လမ်းတွေလျှောက်မထွင်နဲ့နော်´
`ဟုတ်ကဲ့ပါ....´
ဒီကောင်ဘာဇာတ်လမ်းတွေထွင်အုံးမလဲမသိဘူး။ ဒီကောင့်စကားကယုံရတာမဟုတ်ဘူး။ ပါးစပ်ကသာ ဟုတ်ကဲ့ပြောတာပြီးရင် သူလုပ်ချင်တာလုပ်တဲ့ကောင်။
ညီညီ့အတွေးထဲမှာတော့ ..`လျှောက်မထွင်ပါဘူး။ အိပ်ပြီးတော့ပဲထွင်မှာပါ အိပ်ယာထဲကနေ ကောင်မလေးဆီဖုန်းဆက်ပြီး နဲနဲလေးပဲ တော်ကီပွားရုံပါ..ဟဲ.ဟဲ´
..............................................................
...................................................................
`၀ါး.........ပျင်းလိုက်တာ ခုနေများ ကောင်မလေး ၁ ယောက်လောက်ရှိရင်ကောင်းမယ်။ ကျုံး ၁ ပတ်ဆိုင်ကယ်
အတူတူစီးလိုက်ရရင်ကောင်းမယ်´ `ဟာ..အကြံရပြီ... ဖုန်းမှားဝင်လာတဲ့
ကောင်မလေးဆီ ဖုန်းဆက်ပြီး နဲနဲလောက် Q လိုက်အုံးမှ´
ကိုကို့ဖုန်း အ၀င် call ကနေကောင်မလေးရဲ့ ဖုန်းနံပတ်ရှာကြည်မှပဲ......
`ဟာတွေ့ပြီ မနေ့ကမနက်၉နာရီလောက်က ၀င်လာတဲ့ဖုန်းဆိုတော့ ဒီဖုန်းပဲဖြစ်မယ်´

သံစဉ် တစ်ယောက် အိပ်ရာဝင်ရန် အ၀တ်လဲနေစဉ်

`တီ..တီ´

ဟာဒီချိန်ကြီးကျမှ ဘယ်က massage လဲမသိဘူး။ အ၀တ်လဲပြီး massage ကိုဖွင့်လိုက်သောအခါ...
`8 p lar
min ko khin pa ya say´ တဲ့ `ဟင်ဘလိုင်းကြီးပါလား မဆိုးပါဘူး ပျင်းနေတာနဲ့အတော်ပဲ´

ထို့နောက်သံစဉ် တစ်ယောက် ဖုန်းခလုပ်လေးတွေနဲ့
`khin say´
လို့ရိုက်ပြီး massage ကိုပြန်ပို့လိုက်ပြီး မကြာပါဘူး ဖုန်းဝင်လာပြန်ပါကော

`ဟာ ဒါခုနက ဖုန်းနံပတ်ပဲ´
ဖုန်းကိုဖွင့်ကိုင်လိုက်ပြီးနောက်
`ဟယ်လို´
`ဟယ်လို phoneလေး လား´
`ဘယ်က ဖုန်းလေးလဲ´
`သြော်.. စိတ်မဆိုးနဲ့နော် ကျွန်တော်က ခင်ဗျားနာမည်ကိုမသိဘူးလေ အဲ့ဒီတော့ ဖုန်းထဲကနေခင်ရတဲ့ အတွက် ခင်ဗျားကို phoneလေး လို့နာမည်ပေးထားတာပါ
ကြိုက်ရဲ့လား´
`အင်း မဆိုးပါဘူး ကျွန်မကကောရှင့်ကို ဘယ်လိုခေါ်ရမှာလဲ ကျွန်မက phoneလေးဆိုတော့ ရှင့်ကို phoneကြီး လို့ခေါ်ရမှာလား´
ညီညီ ရယ်လျှက်

`ph လေးကလဲ ကျွန်တော့ကို phကြီး လို့တော့မခေါ်ပါနဲ့ဗျာ
တော်ကြာဘေးကကြားတဲ့လူတွေက phလေး ကိုဘယ်က ဘုန်းကြီးနဲ့
ပြောနေလဲလို့ထင်မှာပေါ့ဗျ´
`ဒါဆို ဘယ်လို ခေါ်ရမလဲ´
`ကျွန်တော့နာမည်က ညီညီလင်း ဆိုတော့ ညီ လို့ပဲခေါ် ဟုတ်ပြီလား r u ok´
`OK´
..................
..................

ညကတစ်ညလုံး phလေး နဲ့စကားပြောနေတော့ ကျွန်တော့အတွက် ရှည်လျားလှပါတယ်ဆိုတဲ့ ဆောင်းညလေးဟာ ညတာတိုသွားသလိုပါပဲ..အာရုံတတ်ခါနီးမှ phလေး နဲ့ဖုန်းပြောပြီးအိပ်ရာဝင်ခဲ့တာ ဘယ်လောက်မှမကြာပါဘူး ကျွန်တော့မျက်နှာပေါ် နေမင်းကြီးရဲ့ အလင်းတွေဖြာကျလာသဖြင့် ကျွန်တော်
အိပ်ရာကထ မျက်နှာသစ်၊ရေမိုးချိုး၊ အ၀တ်စားလဲပြီး ထမင်းစားခန်းထဲမှာ
နံနက်စာစားပြီး သင်တန်းသွားဖို့ ဆိုင်ကယ်ပေါ်ကိုအတတ် ကိုကိုက

`ဟေ့ကောင် ခဏနေအုံး´
`ဘာလဲ ကိုကိုရာ ဒီမှာသင်တန်းနောက်ကျတော့ မယ်ဗျ´
`ညီညီ မင်းမနေ့ကဟိုကောင်မလေးနဲ့ ဖုန်းတစ်ညလုံးပြောနေတာမလား တော်တော်ကြာဟိုဘက်ကကောင်မလေး ခံစားရအောင်တော့မလုပ်နဲ့နော်´
`ဟုတ်ကဲ့ပါ...´
`ပြီးစလွယ် မပြောနဲ့ ဟေ့ကောင် မင်းဘက်ကသေချာပြီဆိုမှာလုပ်နော် မချစ်ပဲနဲ့တော့ မအီပါနဲ့ကွာ´
`ဟာကိုကို ကလဲဗျာ´
`ကိုကိုကလဲ တွေ ကိုကိုကထောင်တွေလာမပြောနဲ့ မင်းသေချာစဉ်းစားနော် ဟေ့ကောင်´
`ဟုတ်ကဲ့ပါ ကိုကိုရာ .. ခုတော့သင်တန်းနောက်ကျနေလို့ go ပြီကိုကိုရေ bye´
..............................
.........................................
`သင်တန်းချိန်သာပြီးသွားတယ် ကျွန်တော့ခေါင်းထဲမှာ သင်တန်းကစာတွေကို ဘာမှမသိလိုက်ဘူး။ မနက်က ကိုကိုပြောတဲ့အကြောင်းကို သတိရပြီး phလေး
အကြောင်းပဲစဉ်းစားနေမိတယ်။ ဒါပေမဲ့ ကိုကိုစိတ်ချပါ ကျွန်တော် phလေး ကို
အပျော်မကြံပါဘူးကိုကို´
.............................
......................................
ကျွန်တော်နဲ့ phလေး ညတိုင်းဖုန်းပြောဖြစ်တာ ၁ လပြည့်ပြီပဲ။phလေးနာမည်အရင်းက သံစဉ်ချိုတဲ့။ အသက်က(၂၀)တဲ့။ကျွန်တော့ထက် ၁နှစ်ပဲ ငယ်တဲ့ phလေး ရဲ့
မျက်နှာကို မနက်က vzo ထဲမှာတွေ့ပြီးကတည်းက ကျွန်တော် phလေး
ကိုပိုပြီးချစ်မိသွားတယ်ဗျာ။
၁လပြည့်ပြီး နောက်တစ်နေ့ညမှာတော့...
သံစဉ်ချို့ဆီ အချိန်မှန်လာနေကျ ဖုန်းလေးဝင်လာခဲ့ပါတယ်။
`ဟယ်လို ညီလား´
`phလေး ကိုပြောစရာရှိတယ်´
`ပြောလေ ညီ´
`ဟင် phလေး အသံက တစ်မျိုးကြီးပဲ နေမကောင်းဘူးလား phလေး..´
`အင်း´
`ဒါဆို phလေး နားတော့လေ ထွေထွေထူးထူးမဟုတ်ပါဘူး။ နောက်အပတ်သောကြာနေ့ ညီ
phလေး ရှိတဲ့ မကွေးကိုလာစရာအကြောင်းရှိလို့ အဲ့ဒီ့အခါကျ ရင် phလေး
နဲ့အပြင်မှာဆုံချင်တယ်လို့ပြောမလို့ပါ phလေး ကောကို့ကို အပြင်မှာမတွေ့ချင်ဘူးလား´
`အင်း...... နောက်အပတ်စနေနေ့ နေ့လယ်၂ နာရီ ဗိုလ်ချုပ်လမ်းက လက်ရွေးစင် ကိုလာခဲ့လေ´
`OK bye phလေး အမြန်နေကောင်းပါစေ´
`bye´
................................
.....................................

နောက်အပတ် စနေနေ့ ............
နေ့လည် ၂ နာရီတောင်ထိုးပြီးလို့ မိနစ်၃၀ တောင်ရှိပြီ phလေး ဘာလို့မာသေးပါလိပ်။ phလေးနဲ့ ဖုန်းအဆက်အသွယ်မရတာ ၅ ရက်တောင်ရှိပြီ။ phလေး
နေကောကောင်းရဲ့လားမသိဘူး။phလေး ရောက်လာရင် phလေး ကိုချစ်နေတဲ့
အကြောင်းဖွင့်ပြောလိုက်တော့မယ်။ phလေး ဆီဖုန်းဆက်ကြည့်အုံးမှ.......ဟင်လမ်းပေါ်မှာ ကားတွေတစ်စီ တစ်တန်းကြီးပါလား............

`ဟင်...သံစဉ်ချို
အသက်(၂၀) ဆိုပါလား..´
မယုံဘူး phလေး မဖြစ်နိုင်ဘူး။ Phလေး ငါ့စီကိုလာမှာပါ။ ph လေး ရယ် ကို့ဆီကို
မြန်မြန်လာပါတော့ကွာ။ phလေး ကို ကိုအရမ်းချစ်နေတဲ့အကြောင်းတောင်ပြောခွင့် မရှိတော့ဘူးလားဗျာ။


..................
......................`ကျီ.............ဒိုင်း....အုန်း..´
`ဟာ ဟိုမှာဆိုင်ကယ်နဲ့ ကုန်တင်ကား နဲ့ တိုက်လိုက်ပြီဟေ့´
..................................
.................................
၂ရက်ကြာပြီးနောက် ကြေးမုံ သတင်းစာရဲ့နာရေးကြေငြာစာမျက်နှာမှာတော့

`ညီညီလင်း(ခ)ညီ
အသက်(၂၁)´

ဆိုတဲ့ကြေငြာစာလေးပါလာခဲ့ပါတော့တယ်။
��
3/15/2010 | Posted in
တစ်ခါက အင်မတန်မှ လှပခန့်ညားတဲ့ မြင်းတစ်ကောင်ရှိလေတယ်

ပိုင်ရှင်က သူ့မြင်းကို မောင်းတဲ့အခါမှာ ကံကောင်းလို့ ပြောပြီး မောင်းတယ်၊

အဲ ရပ်ရင်တော့ သေပါပြီဗျလို့ ပြောတယ်၊

အင်း..တစ်ရက် သူ့ခင်ဗျာ ပိုက်ပိုက်မရှိလို့ မြင်းကို ရောင်းတယ်၊

ဝယ်တဲ့သူက သူ့မြင်းကို သိပ်သဘောကျသွားတယ်

မြင်းပေါ်ကို ထိုင်ကြည့်တယ်၊ ပီတိတွေဖြစ်ပြီး စကားတစ်ခွန်းပြောတယ်၊

ငါ ဒီမြင်းကို ကံကောင်းလို့ရတာဘဲ တဲ့၊

ဒီတော့ မြင်းက ပြေးပါလေရော၊

အင်း ၀ယ်တဲ့သူခင်ဗျာ မြင်းကို ရပ်အောင် ဘယ်လိုလုပ်လုပ် ရဘူးဗျ၊

ရပ်တဲ့အထာကို မသိတော့ မြင်းက ပြေးနေဆဲဗျ၊

ဒါနဲ့ မြင်းက ချောက်နားလေးထိ ရောက်သွားတယ်၊

အင်း မြင်းဆီတဲ့သူက လန့်ပြီး အမလေး သေပါပြီဗျ လို့ ပြောလိုက်တယ်

အဲဒီအခါမှ မြင်းက ရပ်သွားတယ်

ဟဲ..ဟဲ လဒက စကားကို ဒီလောက်နဲ့ မရပ်ဘူး

စကားတစ်ခွန်းထပ်ပြောလိုက်တ ယ်

“အမလေး ကံကောင်းလို့မသေတာ“

အင်း မြင်းကတော့ သူ့ထုံးစံအတိုင်း ပြေးလိုက်တယ်ဗျာ
Category:
��
3/15/2010 | Posted in
ကျွှန်တော့် အကြောင်းကိုပြောရရင်တော့ ဘာမှသိပ်ထွေထွေထူးထူး မရှိဘူးဗျ။ ကျွှန်တော့် ကကျောင်းသားပါပဲ။
ပြောလိုက်ရင်တော့ အံ့မသြသွားနဲ့နော်။ ကျွှန်တော်က ခုမှ ၁၄ နှစ်တောင်မပြည့်သေးဘူးဗျ။ ကျွှန်တော့် ၀ါသနာ အရ
ဘလော့ရေးချင်လို့ ဒီဆိုက်ကို ထောင်လိုက်ရခြင်းပါပဲ။ ကျွှန်တော့် ရဲ့နာမည် အရင်းကတော့ ဝေလင်းဖြိုးလို့ခေါ်ပါတယ်။
ကျွှန်တော် ဒီ blogspot site လေးထဲမှာ ကျွှန်တော်သိသမျှ၊ တွေ့သမျှ သတင်း၊ IT ပညာရပ်များကို
တင်ပြသွားမှာပါ။ ကျွှန်တော် ကဘလော့ရေးရတာလည်းဝါသနာပါတယ် IT မှာလည်းအလွန်အမင်းကို
စိတ်ဝင်စားတယ်ဗျ။ ကျွှန်တော့် ပညာကအတော်ကို သေးပါသေးတယ်။ IT ဆိုတဲ့ မိသားစုထဲမှာ ကျွှန်တော်
က ခုမှ မွေးလာတဲ့ မွေးကင်းစ ကလေးပါ။ ဒါကြောင့် ကျွှန်တော့်ကို အကြံများလည်းပေးကြပါ။ အမှားများရှိရင်လည်း
ကျွှန်တော့်ကို comment နေရာမှာပဲဖြစ်ဖြစ် ။ ကျွှန်တော့် account ကိုပဲဖြစ်ဖြစ် ပို့ပြီး အကြံပေးနိုင်ပါတယ်။

ကျွှန်တော် မင်းသားလေးဆိုတဲ့ ကလောင်နာမည်ကို ဘယ်လိုပေးဖြစ်သွားလဲဆိုတော့ ကျွှန်တော်က
နန်းတွင်းကားတွေ တအားကြိုက်တာဗျ။ အဲထဲမှာပါတဲ့ မင်းသားလေးတွေကိုပေါ့လေ အားကျတယ်။ :)
ဟီး သူတို့ ဆိုကြည့်ပါလားဗျ။ လိုတရနေတာကို အားကျတော့ ကျွှန်တော်လည်း ကလောင်နာမည် စဉ်းစားရခက်နေတာနဲ့
နန်းတွင်းကားကို သတိရပြီး မင်းသားလေးဆိုပြီးပေးဖြစ်သွားတာဗျ။ နည်းနည်းတော့ကြောင်တယ်မလား :D

အော်...စောဒီးဗျာ ကျွှန်တော့် အကြောင်းမိတ်ဆက်နေတာနဲ့ ပဲ မင်္ဂလာပါလို့ပြောမယ့်ဟာတောင်မပြောရသေးဘူး။
စာဖတ် ပရိတ်သတ် ၊ဘလော့ဂါများ ခင်ဗျာ အားလုံးပဲ မင်္ဂလာပါလို့ ကျွှန်တော် ဒီပို့စ်ကပဲ ပြောလိုက်ပါတယ်နော်။
လိုတာရှိရင်လည်းကျွှန်တော့် အကောင့်ကို ဆက်သွယ်နိုင်ပါတယ်။ ကျွှန်တော် ကူညီနိုင်တာရှိရင်လည်းပြောပါ။
ကျွှန်တော်ကူညီပေးပါ့မယ်။( ကူညီနိုင်မှလို့ပြောတာနော်။ :) ကဲ အားလုံးပဲ ဒီပို့စ်လေးကိုဒီမှာပဲ အဆုံးသတ်ပါရစေ။



အားလုံးကို ကြွားပြီးပြောတာတော့မဟုတ်ဘူးနော်။ လာလည်ရအောင်လို့ပြောတာပါ။
ကျွှန်တော် Admin လုပ်ထားတဲ့ Ning ဆိုက်တွေကိုပြောပြမယ်နော်။ အားရင်လာလည်ကြပေါ့ :)

www.yayoutnantaw.ning.com
www.emotownship.ning.com

ကျန်တော့ကျန်သေးတယ်။အများကြီးပဲ ဒါပေမယ့် မပြောတော့ဘူးနော်။ဒီ ၂ခုကိုလည်လို့ ရိုးသွားပြီဆိုရင်တော့
ကျွှန်တော့်ကိုပြောပေါ့ဗျာ။ ကျွှန်တော့် ထပ်ပေးပါဦးမယ်။



မင်းသားလေး
3/15/2010 | Posted in
ချစ်သူ !
ခေတ်ရေစီးအလိုက် ဖို့ရို့ဖားယားဝတ်တတ်တဲ့ငါ့ကို
မျက်လုံးအဟောင်းကြီးနဲ့ကြည့်ပြီး
လမ်းသရဲလို့ မတင်စားလိုက်ပါနဲ့
ရက်ပ်ပါတိုင်း ဒီလိုဝတ်တတ်ကြတယ်လေ။

လူတွေ့တိုင်းချစ်စကားအမြဲလိုက်ပြောတတ်တဲ့ငါ့ကို
နားအဟောင်းကြီးနဲ့ နားထောင်ပြီး
နှောင့်ယှက်တယ်လို့ မသတ်မှတ်လိုက်ပါနဲ့
မတွေ့ပဲပြောနိုင်မယ့် ဖုန်းနံပါတ်မှ မပေးပဲ။

အရင်က ရည်းစားများခဲ့ရတဲ့ ငါ့အချစ်ကို
အတွေးဟောင်းတွေနဲ့ တွေးပြီး
ပွေတယ်လို့ မစွပ်စွဲလိုက်ပါနဲ့
စမ်းသပ်မှုတွေပြီးမှ ကုန်ပစ္စည်းထွက်တာလေ။

ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတဲ့
ဆိုရိုးအဟောင်းကြီးကို လိုက်နာပြီး
ငါ့အပြင်တခြားလူမထားလိုက်ပါနဲ့
ဆရာဝန်ကမှာထားတာ ငါ့မှာအူတိုရောဂါရှိတယ်တဲ့။

မင်းရင်ထဲမှာ ငါရှိနေရက်နဲ့
အစဉ်အလာဟောင်းကြီးတွေ နားယောင်ပြီး
သုံးနှစ်သုံးမိုးတော့ မစောင့်ခိုင်းလိုက်ပါနဲ့
အူဝဲတောင်မှ သုံးမိနစ်ပဲစောင့် တဲ့
Category:
��